Trending Now

ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ ဂျပန်နိုင်ငံသားတစ်ဦး မြန်မာနိုင်ငံမှာ ဖမ်းဆီးခံရ

Spread the love

ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ ဂျပန်နိုင်ငံသားတစ်ဦး မြန်မာနိုင်ငံမှာ ဖမ်းဆီးခံရ

EPN
နိုင်ငံတကာ၊ သြဂုတ် ၁

စစ်တပ်ကိုဆန့်ကျင်ဆန္ဒပြဖို့အတွက် ပြုလုပ်တဲ့ စနေနေ့က ဆန္ဒပြပွဲတစ်ခုမှာ ပါဝင်ခဲ့တဲ့ ဂျပန်နိုင်ငံသား တစ်ဦးကို လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ အင်အိတ်ကေ သတင်းဌာနက ဖော်ပြထားပါတယ်။

ဖမ်းဆီးထိန်းသိမ်း ခံလိုက်ရသူဟာ ကူဘိုတ တိုရိ ဆိုတဲ့ အသက် ၂၀ အရွယ် ဂျပန်နိုင်ငံသား တစ်ဦးဖြစ်ကြောင်း မြန်မာနိုင်ငံမှာ ရှိတဲ့ ဂျပန်သံရုံးက အတည်ပြုထားပါတယ်။

လက်ရှိအချိန်မှာ သူကို ရဲတွေက စစ်ဆေးမေးမြန်းနေပြီး ချက်ချင်းပြန်လွှတ်ဖို့ တောင်းဆိုသွားမယ်လို့လည်း သံရုံးက ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ဧပြီလက အတွင်းကလည်း လုံခြုံရေးတပ်ဖွဲ့တွေဟာ ဂျပန်လူမျိုး သတင်းထောက် ကီတာဇူမီယူကီ ကို သတင်းမှားတွေကို ဖြန့်ဝေတာလိုမျိုး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ စွဲချက်တွေနဲ့ ဖမ်းဆီးထိန်းသိမ်း ခဲ့ပါတယ်။

ကီတာဇူမီယူကီ ကို ပြန်လွတ်ပေးဖို့ ဂျပန်အစိုးရက တောင်းဆိုခဲ့ပြီးနောက် ဖမ်းဆီးခံရပြီး တစ်လအကြာမှာ ပြန်လွတ်ပေးခဲ့ပါတယ်။

Source – NHK

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။