Trending Now

မြစ်ကြီးနားရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ရုံးတွင် ကျန်မာရေးစစ်ဆေးမှု ယနေ့စတင်

Spread the love

မြစ်ကြီးနားရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ရုံးတွင် ကျန်မာရေးစစ်ဆေးမှု ယနေ့စတင်

EPN
မြစ်ကြီးနား၊ မတ် ၂၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊သီတာရပ်ကွက်ရှိ နိုင်ငံကူးလက်မှတ် ​ထုတ်ပေးရေးအဖွဲ့ (ရုံးခွဲ)တွင် ကျန်းမာရေးစစ်​ဆေးခြင်းလုပ်ငန်းများကို ယနေ့ (မတ်၂၅) ရက်တွင် စတင်ဆောင်ရွက်ပေးနေကြောင်း သိရသည်။

ကျန်းမာရေး စစ်ဆေးခြင်းအဖြစ် နိုင်ငံကူးလက်မှတ်ထုတ်ယူရန် လာရောက်သူများနှင့် လာလျှောက်သူများကို ကိုယ်အပူချိန်တိုင်းပေးခြင်း၊ ရေမလိုလက်သန့်ဆေးဖြင့် လက်ကိုသန့်စင်ပေးပြီးမှသာ ပေးဝင်ကြောင်း ယင်းစစ်ဆေးရေးအဖွဲ့မှ သိရသည်။

အဆိုပါ ကျန်းမာရေးစစ်ဆေးခြင်းကို နံနက် (၉)နာရီ အချိန်မှည(၃)နာရီအချိန်ထိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။