Trending Now

အင်းတော်ကြီးဒေသအတွင်းရှိ မိုင်းနောင်ကျေးရွာနှင့် မမုန်ကိုင်ကျေးရွာများ၌ တရားမဝင် ရွှေမျှောလုပ်ကိုင် သူ အဆမတန်များပြားလာ

Spread the love

အင်းတော်ကြီးဒေသအတွင်းရှိ မိုင်းနောင်ကျေးရွာနှင့် မမုန်ကိုင်ကျေးရွာများ၌ တရားမဝင် ရွှေမျှောလုပ်ကိုင် သူ အဆမတန်များပြားလာ

EPN
အင်းတော်ကြီး ဇွန် ၈

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသအတွင်းရှိ မိုင်းနောင်ကျေးရွာနှင့် မမုန်ကိုင်ကျေးရွာတို့တွင် ယခုအခါ တရားမဝင်ရွှေမျှောလုပ်ကိုင်ကြသူ အဆမတန်များပြားလာနေကြောင်း ဒေသခံများထံမှသိရသည်။

တရားမဝင်ရွှေမျှောများကို မိုင်းနောင်ကျေးရွာနှင့်မမုန်ကိုင်ကျေးရွာ တို့၏အနောက်ဘက်ခြမ်းတွင်၁၉၈၀ ခုနှစ်အစောပိုင်းကာလမှစ၍ တူးဖော်လာခဲ့ကြပြီး လွန်ခဲ့သည့်၅နှစ်ကျော်ခန့်က ရွှေမျှောများလုပ်ကိုင်မူလျှော့နည်းလာခဲ့သော်လည်း ယခုနှစ်တွင် သက်ဆိုင်ရာမှ တားဆီးခြင်းမရှိသောကြောင့် ယခင်တူးဖော်ပြီးထားသည့် ရွှေကျင်းဟောင်းနေရာများကို ပြန်လည်တူးဖော်မှုများ ပြုလုပ်နေကြကြောင်း သိရသည်။

“ဟိုအရင်နှစ်တွေက ထက်ငါးဆလောက်များမယ်ထင်တယ်၊ ကျွန်တော်တို့လဲသေချာမသုံးသတ်တတ်လို့၊ ဒီအတိုင်းပစ်ထားတဲ့ကျွန်တော်တို့အိမ်နောက်ဘေးချောင်းအနီးက မြေနေရာတွေကိုလဲ အကုန်လုံးတွယ်ကုန်ပြီး၊ တစ်ရက်နဲ့တစ်ရက်မတူတော့ဘူး၊ခင်ဗျားတို့လာရင်တောင်မျက်စိလည်ကုန်မှာ၊အခုဆိုရင် စက်ယန္တယား တစ်ရာကျော်လောက်နဲ့နေ့ကောညကော လုပ်နေကြတာ၊ဘာလို့လဲဆိုတော့ ဒီအချိန်အခါမှာ ဌာနဆိုင်ရာတွေကလဲ လာရောက်မတားဆီးနိုင်တော့၊ ဒါကိုအခွင့်ကောင်းယူပြီးတော့လုပ်နေကြတာနေမှာပေါ့၊ ဒီအတိုင်းကြည့်နေရတာ၊ဘာမှမတတ်နိုင်ဘူး”ဟုအမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

မိုင်းနောင်ကျေးရွာလယ်မှဖြတ်သန်းစီးဆင်းသွားသည့် မိုင်းနောင်ချောင်းမှာ အင်းတော်ကြီးကန်ထဲသို့ တိုက်ရိုက်စီးဝင်ခြင်းဖြစ်ပြီး ရွှေမျှောများမှ စွန့်ပစ်သောမျှောမြှီးစာများလည်း ချောင်းထဲသို့ စွန့်ပစ်နေမူကြောင့် ချောင်းတိမ်ကောကာ နှစ်စဉ်မိုးရာသီရောက်တိုင်း ရေကြီးရေလျှံဖြစ်တတ်သည့် မိုင်းနောင်ချောင်းအနီး၌ နေထိုက်ကြသော နေအိမ်များမှာ ရေနစ်မြှုပ်မှုဒဏ်ကို ယခုနှစ်တွင် ပို၍ခံစားရမည်ကို စိုးရိမ်လျှက်ရှိကြသည့်အပြင် အင်းတော်ကြီးအင်းထဲသို့ မျှောမြှီးစာများဝင်ရောက်လာနေသဖြင့် အချိန်မီတားဆီးခြင်းမရှိပါက အင်းကြီးတဖြည်းဖြည်းတိမ်ကောပျက်စီးသွားမှာကိုဒေသခံများက စိုးရိမ်လျှက်ရှိကြကြောင်းသိရသည်။

နာဂစ်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။