Trending Now

ချင်းတွင်းမြစ်အတွင်း ကုန်တင်မော်တော်ရေယာဉ် အစီး ၃၀ ကျော် သောင်တင်ပိတ်မိ

Spread the love

ချင်းတွင်းမြစ်အတွင်း ကုန်တင်မော်တော်ရေယာဉ် အစီး ၃၀ ကျော် သောင်တင်ပိတ်မိ
 

EPN
ကလေး၊ မတ် ၂၃

စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် တရာကျေးရွာအနီး ချင်းတွင်းမြစ်အတွင်း ကုန်တင်ရေယာဉ်အစီး ၃၀ ကျော် သောင်တင်ပိတ်မိနေကြောင်း မင်းကင်းမြို့နယ် ပုဂ္ဂလိက ရေယာဉ်များစနစ်တကျ ပြေးဆွဲရေးကော်မတီအတွင်းရေးမှူးဦးမန်းရီကပြောသည်။

ကုန်တင်ရေယာဉ်အစီး ၃၀ ကျော်သည် မတ် ၂၁ရက်စတင်သောင်တင်ပိတ်မိနေပြီး ယခုလက်ရှိအချိန်အထိ သွားလာနိုင်ရေးအတွက် အဆိုပါကုန်တင်မော်တော်ယာဉ်များက ရေကြောင်းဖောက်ပြီး ကြိုးစားဆောင်ရွက် လျက်ရှိသည်။

“ရေကြောင်းက မုံရွာ-ကလေးဝ က ၃ ပေ ၃ လက်မပဲ ရှိတာပဲလေ။ ရေကြောင်းကကြပ်သွားပြီ။ ရေကြောင်းက ကျဉ်းကျဉ်းလေးကို စုပုံသောင်တင်ပိတ်မိနေတာပါ။

မတ် ၂၁ ရက်နေ့က ရေ ကုန်တင်မော်တော်ရေယာဉ်အစီး ၃၀ ကျော်လောက်သောင်တင်ပိတ်မိတာပါ။ အခုဆို ၂ ရက်လောက်ရှိနေပါပြီ။ သွားလာလို့ရအောင် ရေကြောင်းဖောက်ပြီး သူတို့ကြိုးစားနေတယ်။”ဟု ဦးမန်းရီကပြောသည်။

သောင်တင်ပိတ်မိနေသည့် မော်တော်ယာဉ်များသည် မုံရွာမြို့နှင့်ဟုမ္မလင်းမြို့သို့ သွားလာနေကြသော အစုန်အဆန်ကုန်တင်မော်တော်ရေယာဉ် အစီး ၃၀ ကျော်ဖြစ်သည်။

ပြီးခဲ့သည့် ဖေဖေါ်ဝါရီလကလည်း ကနီမြို့နယ် မဲဒင်ကျေးရွာအနီး ချင်းတွင်းမြစ်အတွင်း ကုန်တင်မော်တော်ကေယာဉ် အစီး ၆၀ ကျော်အား သောင်တင်ပိတ်မိဖြစ်ပေါ်ခဲ့သေးသည်။

ချင်းတွင်းမြစ်ရေကြောင်းအတွင်း မုံရွာမြို့နှင့်အထက် ဟုမ္မလင်းမြို့သို့သွားလာနေကြသော ကုန်တင်ရေယာဉ်အသင်း ၁၈ အသင်း၊ အစီးရေ ၅၀ ကျော်နှင့်အမြန်ရေယာဉ်အသင်း ၁၀ သင်းနှင့်အစီးရေ ၁၀၀ ကျော်ရှိကြောင်း မုံရွာမြို့ပုဂ္ဂလိက ရေယာဉ်များစနစ်တကျ ပြေးဆွဲရေးကော်မတီထံမှ သိရသည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။