Trending Now

တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို ဇွန်လ ၁၇ ရက်နေ့ ထုတ်ပြန်သွား မည်

Spread the love

တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို ဇွန်လ ၁၇ ရက်နေ့ ထုတ်ပြန်သွား မည်

EPN
မြစ်ကြီးနား၊ ဇွန်လ ၁၆

၂၀၂၁-၂၀၂၂ နှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို ဇွန်လ ၁၇ ရက်နေ့ မနက်ဖြန် နံနံက်ပိုင်း အချိန်တွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

တက္ကသိုလ်ဝင်အောင်စာရင်းများကို ဇွန်လ ၁၇ ရက် နံနက် (၄)နာရီအချိန်မှစတင်၍ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Websiteတွင် ဝင်ရောက်ကြည့်ရှုနိုင်ရန် စီစဉ်ထားပြီး နံနက်(၆)နာရီအချိန်တွင် သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ စာစစ်ဌာနကျောင်းများတွင် တစ်ချိန်တည်း ကပ်ထားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် တက္ကသိုလ်ဝင်အောင်စာရင်းများ ကြည့်ရှုရန် ဝေးလံခေါင်းဖျားသော ဒေသများနှင့် အင်တာနက်မရရှိသည့်ဒေသများအတွက် မြန်မာ့အသံ ရေဒီယိုမှတဆင့် ထုတ်ပြန်ကြေညာ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တက္ကသိုလ်ဝင်ခွင့်စာ‌မေးပွဲအား မတ် ၃၁ ရက်စ၍ တစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့် တက္ကသိုလ်ဝင် စာမေးပွဲအား တစ်နိုင်ငံလုံးတွင် တစ်ပြိုင်တည်း ကျင်းပ‌ပေးခဲ့ခြင်းဖြစ်ပြီး ကချင်ပြည်နယ်အတွင်းရှိ စာစစ်ဌာန ၄၈ ခုတွင် ဝင်ရောက်ဖြေဆိုသူ တစ်သောင်းနှစ်ထောင်ကျော် ရှိခဲ့သလို တိုင်းဒေသကြီး၊ပြည်နယ်နှင့် နိုင်ငံခြားစာစစ်ဌာနများအပါအဝင် စာစစ်ဌာနပေါင်း ၁၂၅၆ ခုရှိပြီး ဖြေဆိုသူကျောင်း/သူစုစုပေါင်းမှာ ၃၁၂,၂၉၉ ဦးရှိပြီး ပြင်ပဖြေဆိုသူ တစ်သိန်းကျော်ရှိကြောင်း မြန်မာနိုင်ငံစာစစ်ဌာန သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။