Trending Now

တောင်ယာတဲ၌ ဝှက်ထားသည့် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

Spread the love

တောင်ယာတဲ၌ ဝှက်ထားသည့် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

EPN
ဗန်းမော်၊ မေ ၁၅

ကချင်ပြည်နယ် ရွှေကူမြို့နယ် ဆိပ်သာကျေးရွာ နှင့် တောင်ချောင်ကျေးရွာကြားရှိ တောင်ယာ တဲတစ်ခု၌ သိုဝှက်ထားသည့် စိတ်ကြွဆေးပြားများကို မေ ၁၅ ရက် နံနက်၇ နာရီ အချိန်ခန့်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ တောင်ယာတဲ၌ မူးယစ်ဆေးဝါး သတင်းအရ မူးယစ်တပ်ဖွဲ့စု (၁) မှရဲအုပ် ဇော်သင်း ဦးစီးအဖွဲ့သည် သက်သေများနှင့်အတူ အောင်နိုင်ဝင်း၏ တောင်ယာနေအိမ်တဲသို့ဝင်ရှောက်ရှာဖွေရာ အောင်နိုင်ဝင်း၏ အိပ်ယာခေါင်းရင်းဖျာအောက်မှ WY စာတန်းပါစိတ်ကြွဆေးပြား ၁၉၀ပြားပါ (၁) ထုတ်၊ နေအိမ်ခြံဝန်းအတွင်းရှိ ပဲမှော်ပုံခြေရင်းတွင် တွင်းတူးမြုပ်နှံထားသည့် WY စာတန်းပါ စိတ်ကြွဆေးပြား ၁၉၀ ပြားစီပါ (၆ )ထုတ်။ စုစုပေါင်းဆေးပြား ၁၃၃၀ ပြား တွေ့ရှိ၍ ရွှေကူမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူ ထားရှိကြောင်းမူးယစ်တပ်ဖွဲ့ စု(၁)ထံမှ ကနဦးသတင်း ရရှိသည်။

ဗန်းမော်သုခမိန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။