Trending Now

တမူးမြို့ဝင်နေရာမှာ KNLA တပ်မဟာ ၂ က ဗိုလ်ကြီးဆိုသူရဲ့ မိန်းမနဲ့ ယောက္ခမ ပစ်သတ်ခံရ

Spread the love

တမူးမြို့ဝင်နေရာမှာ KNLA တပ်မဟာ ၂ က ဗိုလ်ကြီးဆိုသူရဲ့ မိန်းမနဲ့ ယောက္ခမ ပစ်သတ်ခံရ

EPN
တမူး ၊ အောက်တိုဘာ ၊ ၂၀

စစ်ကိုင်းတိုင်း ၊ တမူးမြို့ ၊ စော်ဘွား အမှတ် ၁၂ ရပ်ကွက် ၊ နတ်မြင်းဟန် မြို့ဝင်တံတားနားမှာ မနေ့ အောက်တိုဘာ ၁၉ ရက် ညနေပိုင်းက အမျိုးသမီး ၂ ဦး ပစ်သတ်ခံထားရတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” အမျိုးသမီး ရုပ်အလောင်း ၂ လောင်း တွေ့ရတယ် ၊ သေဆုံးသူတွေဟာ ကျည်ဆံဖောက်ဝင်ဒဏ်ရာတွေအပြင် ၊ ပြတ်ရှ ထိုးသွင်း ဒဏ်ရာတွေနဲ့ သေဆုံးနေတာ ဖြစ်တယ် ” လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။

အဲ့ဒီ ၂ လောင်းပြိုင် လူသတ်မှုနဲ့ ပတ်သက်လို့ တမူးခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က ” အမျိုးသမီး ၂ ဦး ပစ်သတ်ခံရတာပါ ၊ သေဆုံးသူတွေက ဒေါ်ခင်ဌေးဝင်း နဲ့ သူ့သမီး ဒေါ်သန်းသန်းဝင်း တို့ သားအမိ ၂ ယောက်ဖြစ်တယ် ၊ သေဆုံးသူ ဒေါ်သန်းသန်းဝင်းရဲ့ ယောကျ်ားဖြစ်သူက KNLA တပ်မဟာ ၂ မှာ တာဝန်ထမ်းဆောင်နေ ဗိုလ်ကြီး သိုက်ထွန်း ခေါ် အောင်သိုက် ဆိုသူဖြစ်တယ် ၊ ထူးခြားတာက အဲ့ဒီ ရုပ်အလောင်နားမှာ ဂျပ်စက္ကူပေါ်မှာ သိုက်ထွန်းနဲ့ ပတ်သက်တဲ့ သတိပေးစာ ရေးထားတာတွေ့ရတယ် ၊ အဲ့ဒီအရဆိုရင် PDF က သတ်တယ်ဆိုတာ ထင်ရှားနေပါတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီ ၂ လောင်းပြိုင်လူသတ်မှုကို တမူးမြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

မနေ့က ညနေပိုင်းမှာ စစ်ကိုင်းတိုင်း မုံရွာမြို့ စက်မှုဇုန်ရပ်ကွက် ၊ ဗိုလ်တေဇလမ်း ၊ မိဘမေတ္တာ လက်ဘက်ရည်ဆိုင်ထဲမှာ PDF လူငယ် ၆ ယောက်ဟာ အချင်းချင်းစကားများပြီး ပစ်သတ်ကြတာကြောင့် လူငယ် ၃ ဦး သေဆုံးတာ ဖြစ်ခဲ့ပါသေးတယ်။

သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။