EPN
ျမစ္ႀကီးနား ေဖေဖာ္ဝါရီ ၁၄
သူ႔အသက္၂၀ ေက်ာ္ေက်ာ္ေလးမွာပဲ မူအုပ္အျဖစ္ေဝးလံၿပီး မၿငိမ္းခ်မ္း တဲ့နယ္ေျမထဲကေက်ာင္းကေလးတစ္ေက်ာင္းကို
ခန္႔ထားျခင္းခံရတယ္
ရႊ႔ံေတြ ဗြက္ေတြ ေက်ာ္ျဖတ္ၿပီး သူ႔ေက်ာင္းေလးရိွရာကို ခက္ခက္ခဲခဲ ေရာက္ရိွသြားခ်ိန္မွာေတာ့ ႏြားတင္းကုတ္သာသာတဲကေလးနဲ႔
ညစ္ေထးေထး ကေလးေလး ေတြက သူ႔ကိုဆီးႀကိဳေနေလရဲ႕
အရာရာကိုေျပာင္းလဲျပစ္မယ္ဆိုတဲ့ လူငယ္တစ္ေယာက္ရဲ႕ အားမန္ေတြနဲ႔ ေက်ာင္းဝင္းထဲကို ရဲရဲဝင့္ဝင့္ ဝင္ေရာက္ခဲ့တယ္ ဒါေပမယ့္
ပထမဆံုးေခၚတဲ့မိဘအစည္းအေဝး တစ္ခုမွာစၿပီးသူစိတ္ဓာတ္က်တယ္ မိဘအမ်ားစုက အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ မလာၾကဘူးေလ
ထပ္ေခၚတယ္ ဒီလိုပဲ ေနာက္ထပ္ေခၚတယ္ ဒီလိုပဲ ေနာက္ေတာ့သူ စဥ္းစားတယ္ ဘယ္လိုလုပ္ရင္ေကာင္းမလဲ သူဆံုးျဖတ္လိုက္တယ္ သူတို႔မလာရင္ သူတို႔ရိွရာငါသြားမယ္ေပါ့
ညေနမိုးခ်ဳပ္ခ်ဳပ္မွာ သူနဲ႔အနီးဆံုးရြာလူႀကီးတစ္ေယာက္ရဲ႕အိမ္ကို သြားလည္တယ္ ျမင္ရတဲ့ျမင္ကြင္းက သူ႔ကိုအံ့ျသေစတယ္ ရြာသားေတြ စုေဝၿပီး ပုလင္းေလးေတြေထာင္သူကထာင္ ေျပာင္းေလးေတြ ေထာင္သူကေထာင္နဲ႔ စကားေတြသြက္ေနၾကတာျမင္ရတယ္ အစည္းအေ၀း ေခၚတုန္းက မအားဘူးဆိုတဲ့သူေတြ အခုဒီမွာအကုန္ရိွေနတယ္
သူ႔ကိုျမင္ေတာ့ ဝမ္းသာအားရဆီးႀကိဳၾကပါတယ္ ေနရာလည္းေပးၾကတယ္ ဆရာႀကီးေရ႕ ခြင့္လႊတ္ပါေနာ့္ ကြၽန္ေတာ္တို႔က အလုပ္ပင္ပန္းေတာ့ ညေနဆိုဒါေလးေတြနဲ႔ပဲ အပန္းေျဖရတာ ဒါမွလည္း အလုပ္ေကာင္းေကာင္း လုပ္ႏိုင္မွာေလ နားလည္ေပးပါေနာ့္ ဆိုၿပီးေတာင္းပန္ၾကေသးတယ္
သူတို႔ဧည့္ခံတဲ့ အျမည္းေလးေတြ ခ်ေပးတာကိုႏိႈက္စားရင္း ေက်ာင္းရဲ႕ လိုအပ္ခ်က္ေလးေတြ သူေျပာျပေတာ့ အားလံုးကစိတ္ဝင္တစား နားေထာင္တယ္ တက္တက္ႂကြႂကြ ေထာက္ခံၾကတယ္ မပူနဲ႔ဆရာႀကီး မနက္ျဖန္ျဖစ္ေစရမယ္ ကတိေပးၾကတယ္ ေနာက္ေန႔တကယ္လာတယ္ တကယ္လုပ္ၾကတယ္ တကယ္ျဖစ္တယ္
ဒီလိုနဲ႔ ေက်ာင္းကေလး သပ္သပ္ရပ္ရပ္ျဖစ္လာတယ္
ဒီလိုနဲ႔ ေက်ာင္းျခံစည္း႐ိုးေလးျဖစ္လာတယ္
ဒီလိုနဲ႔ ဝန္ထမ္းအိမ္ေလးျဖစ္လာတယ္
ဒီလိုနဲ႔ ဒိလိုနဲ႔ ေက်ာင္းကေလးေျပာင္းလဲလာတယ္
ဒါေပမယ့္
ဒီလိုနဲ႔ပဲ သူလည္းအရက္ေသာက္တတ္လာတယ္
ဒီလိုနဲ႔ပဲ ေျပာင္းလည္း႐ႈတတ္လာတယ္
ဒီလိုနဲ႔ပဲ မိသားစုနဲ႔အဆင္မေျပေတာ့ဘူး
ဒီလိုနဲ႔ပဲ အိမ္ေထာင္ေရးပါၿပိဳကြဲသြားတယ္
ဒီလိုနဲ႔ပဲ ရြာထဲမွာပဲအေနမ်ားၿပီး ေက်ာင္းကိုအေရာက္နည္းလာတယ္
ဒီလိုနဲ႔ပဲ ဌာနကလည္းမၾကာခဏသတိေပးျခင္းေတြခံလာရတယ္
ဒီလိုနဲ႔ပဲ လူေတြရဲ႕ကဲ့ရဲ႕ျပစ္တင္မႈေတြ မယံုၾကည္မႈေတြခံလာရတယ္
ဒီလိုနဲ႔ပဲ က်န္းမာေရးကလည္းခ်ိဳ႕ယြင္းေဖာက္ျပန္လာတယ္
ေနာက္ဆံုးေတာ့
ေဆးရံုေပၚက သူ႔ရဲ႕ ေနာက္ဆံုးအခ်ိန္ေလးမွာေတာ့ သူ႔ေဘးနားမွာ သူ႔ကိုနားလည္ေပးႏိုင္တဲ့သူ သူ႔အေဖတစ္ေယာက္ပဲ ရိွေတာ့တယ္ သူ႔အေဖရဲ႕လက္ကိုဆုတ္ကိုင္ၿပီး တစ္ခုခုကို ေျပာဖို႔ႀကိဳးစားေပမယ့္ အသံက ထြက္မလာႏိုင္ေတာ့ဘူး
သူ႔စိတ္ထဲမွာ ဘာေတြေတြးၿပီး သူ႔မ်က္စိထဲမွာဘာေတြ
ျမင္ေယာင္ၿပီး သူဘာေတြေျပာျခင္ခဲ့တယ္ ဆိုတာေတာ့
သူပဲသိပါလိမ့္မယ္
ဒီလိုနဲ႔ပဲ လူမသိတဲ့သူရဲေကာင္းတစ္ေယာက္ လူ႔ေလာက
ႀကီးကေန တိတ္တိတ္ေလး ျပန္ထြက္ခြာခဲ့ရတယ္
ဘယ္သူမွလည္းသတိမထားမိလိုက္ၾကသလို လြမ္းေဆြးေနၾကတဲ့သူလည္းမရိွပါဘူး
သူ႔လက္ထက္မွျဖစ္လာတဲ့ဝန္ထမ္းအိမ္ေလးရယ္
သြတ္မိုးပ်ဥ္ကာေက်ာင္းေဆာင္ေလးရယ္နဲ႔
သူ႔ေက်ာင္းေ႐ွ႕က သူစိုက္ခဲ့တဲ့ အရိပ္ရသစ္ပင္ႀကီးေတြကလြဲလို႔ေပါ့ေလ
(ဆရာ/မ အားလံုး အနၱရယ္ကင္း ေဘး႐ွင္းၾကပါေစ)
ေလာကႀကီးကထြက္ခြာသြားၿပီးျဖစ္တဲ့ ညီေလးတစ္ေယာက္အတြက္
U Nyein Aye #
—————————————————————
လူမသိတဲ့သူရဲကောင်းတွေ(၁)
သူ့အသက်၂၀ ကျော်ကျော်လေးမှာပဲ မူအုပ်အဖြစ်ဝေးလံပြီး မငြိမ်းချမ်း တဲ့နယ်မြေထဲကကျောင်းကလေးတစ်ကျောင်းကို
ခန့်ထားခြင်းခံရတယ်
ရွှံ့တွေ ဗွက်တွေ ကျော်ဖြတ်ပြီး သူ့ကျောင်းလေးရှိရာကို ခက်ခက်ခဲခဲ ရောက်ရှိသွားချိန်မှာတော့ နွားတင်းကုတ်သာသာတဲကလေးနဲ့ ညစ်ထေးထေး ကလေးလေး တွေက သူ့ကိုဆီးကြိုနေလေရဲ့
အရာရာကိုပြောင်းလဲပြစ်မယ်ဆိုတဲ့ လူငယ်တစ်ယောက်ရဲ့ အားမန်တွေနဲ့ ကျောင်းဝင်းထဲကို ရဲရဲဝင့်ဝင့် ဝင်ရောက်ခဲ့တယ် ဒါပေမယ့်
ပထမဆုံးခေါ်တဲ့မိဘအစည်းအဝေး တစ်ခုမှာစပြီးသူစိတ်ဓာတ်ကျတယ် မိဘအများစုက အကြောင်းအမျိုးမျိုးနဲ့ မလာကြဘူးလေ
ထပ်ခေါ်တယ် ဒီလိုပဲ နောက်ထပ်ခေါ်တယ် ဒီလိုပဲ နောက်တော့သူ စဉ်းစားတယ် ဘယ်လိုလုပ်ရင်ကောင်းမလဲ သူဆုံးဖြတ်လိုက်တယ် သူတို့မလာရင် သူတို့ရှိရာငါသွားမယ်ပေါ့
ညနေမိုးချုပ်ချုပ်မှာ သူနဲ့အနီးဆုံးရွာလူကြီးတစ်ယောက်ရဲ့အိမ်ကို သွားလည်တယ် မြင်ရတဲ့မြင်ကွင်းက သူ့ကိုအံ့သြစေတယ် ရွာသားတွေ စုဝေပြီး ပုလင်းလေးတွေထောင်သူကထာင် ပြောင်းလေးတွေ ထောင်သူကထောင်နဲ့ စကားတွေသွက်နေကြတာမြင်ရတယ် အစည်းအဝေး ခေါ်တုန်းက မအားဘူးဆိုတဲ့သူတွေ အခုဒီမှာအကုန်ရှိနေတယ်
သူ့ကိုမြင်တော့ ဝမ်းသာအားရဆီးကြိုကြပါတယ် နေရာလည်းပေးကြတယ် ဆရာကြီးရေ့ ခွင့်လွှတ်ပါနော့် ကျွန်တော်တို့က အလုပ်ပင်ပန်းတော့ ညနေဆိုဒါလေးတွေနဲ့ပဲ အပန်းဖြေရတာ ဒါမှလည်း အလုပ်ကောင်းကောင်း လုပ်နိုင်မှာလေ နားလည်ပေးပါနော့် ဆိုပြီးတောင်းပန်ကြသေးတယ်
သူတို့ဧည့်ခံတဲ့ အမြည်းလေးတွေ ချပေးတာကိုနှိုက်စားရင်း ကျောင်းရဲ့ လိုအပ်ချက်လေးတွေ သူပြောပြတော့ အားလုံးကစိတ်ဝင်တစား နားထောင်တယ် တက်တက်ကြွကြွ ထောက်ခံကြတယ် မပူနဲ့ဆရာကြီး မနက်ဖြန်ဖြစ်စေရမယ် ကတိပေးကြတယ် နောက်နေ့တကယ်လာတယ် တကယ်လုပ်ကြတယ် တကယ်ဖြစ်တယ်
ဒီလိုနဲ့ ကျောင်းကလေး သပ်သပ်ရပ်ရပ်ဖြစ်လာတယ်
ဒီလိုနဲ့ ကျောင်းခြံစည်းရိုးလေးဖြစ်လာတယ်
ဒီလိုနဲ့ ဝန်ထမ်းအိမ်လေးဖြစ်လာတယ်
ဒီလိုနဲ့ ဒိလိုနဲ့ ကျောင်းကလေးပြောင်းလဲလာတယ်
ဒါပေမယ့်
ဒီလိုနဲ့ပဲ သူလည်းအရက်သောက်တတ်လာတယ်
ဒီလိုနဲ့ပဲ ပြောင်းလည်းရှုတတ်လာတယ်
ဒီလိုနဲ့ပဲ မိသားစုနဲ့အဆင်မပြေတော့ဘူး
ဒီလိုနဲ့ပဲ အိမ်ထောင်ရေးပါပြိုကွဲသွားတယ်
ဒီလိုနဲ့ပဲ ရွာထဲမှာပဲအနေများပြီး ကျောင်းကိုအရောက်နည်းလာတယ်
ဒီလိုနဲ့ပဲ ဌာနကလည်းမကြာခဏသတိပေးခြင်းတွေခံလာရတယ်
ဒီလိုနဲ့ပဲ လူတွေရဲ့ကဲ့ရဲ့ပြစ်တင်မှုတွေ မယုံကြည်မှုတွေခံလာရတယ်
ဒီလိုနဲ့ပဲ ကျန်းမာရေးကလည်းချို့ယွင်းဖောက်ပြန်လာတယ်
နောက်ဆုံးတော့
ဆေးရုံပေါ်က သူ့ရဲ့ နောက်ဆုံးအချိန်လေးမှာတော့ သူ့ဘေးနားမှာ သူ့ကိုနားလည်ပေးနိုင်တဲ့သူ သူ့အဖေတစ်ယောက်ပဲ ရှိတော့တယ် သူ့အဖေရဲ့လက်ကိုဆုတ်ကိုင်ပြီး တစ်ခုခုကို ပြောဖို့ကြိုးစားပေမယ့် အသံက ထွက်မလာနိုင်တော့ဘူး
သူ့စိတ်ထဲမှာ ဘာတွေတွေးပြီး သူ့မျက်စိထဲမှာဘာတွေ
မြင်ယောင်ပြီး သူဘာတွေပြောခြင်ခဲ့တယ် ဆိုတာတော့
သူပဲသိပါလိမ့်မယ်
ဒီလိုနဲ့ပဲ လူမသိတဲ့သူရဲကောင်းတစ်ယောက် လူ့လောက
ကြီးကနေ တိတ်တိတ်လေး ပြန်ထွက်ခွာခဲ့ရတယ်
ဘယ်သူမှလည်းသတိမထားမိလိုက်ကြသလို လွမ်းဆွေးနေကြတဲ့သူလည်းမရှိပါဘူး
သူ့လက်ထက်မှဖြစ်လာတဲ့ဝန်ထမ်းအိမ်လေးရယ်
သွတ်မိုးပျဉ်ကာကျောင်းဆောင်လေးရယ်နဲ့
သူ့ကျောင်းရှေ့က သူစိုက်ခဲ့တဲ့ အရိပ်ရသစ်ပင်ကြီးတွေကလွဲလို့ပေါ့လေ
(ဆရာ/မ အားလုံး အန္တရယ်ကင်း ဘေးရှင်းကြပါစေ)
လောကကြီးကထွက်ခွာသွားပြီးဖြစ်တဲ့ ညီလေးတစ်ယောက်အတွက်
U Nyein Aye #