Trending Now

မြစ်ကြီးနား – ရှင်ဗွေယန်သွားလမ်းတွင် စစ်ဆေးမူများ ပိုမိုပြုလုပ်လာသည့် အတွက် ခရီးသည်များ သွားလာရေး ခက်ခဲနေ

Spread the love

မြစ်ကြီးနား – ရှင်ဗွေယန်သွားလမ်းတွင် စစ်ဆေးမူများ ပိုမိုပြုလုပ်လာသည့် အတွက် ခရီးသည်များ သွားလာရေး ခက်ခဲနေ

EPN
တနိုင်း၊ မတ်လ ၂၈

ကချင်ပြည်နယ် မြစ်ကြီးနား – ရှင်ဗွေယန်သွားလမ်းတွင် ယခုရက်ပိုင်းအတွင်း စစ်ဆေးမူများပိုမို ပြုလုပ်လာသည့်အတွက် ခရီးသည်များ သွားလာရေး ခက်ခဲနေကြောင်း ခရီးသွား ပြည်သူများထံမှ သိရသည်။

ယင်းကဲ့သို့ စစ်ဆေးမူများကို မြစ်ကြီးနား – တနိုင်းကြားလမ်းနှင့် တနိုင်း – ရှင်ဗွေယန်ကြားရှိ ဂိတ်များတွင် ပြုလုပ်နေပြီး မှတ်ပုံတင်နှင့် ထောက်ခံစာများ ပြသရန် ပြောဆိုကာ မပါရှိပါက တစ်ဦးလျှင် ဒဏ်ငွေ တစ်သောင်းကျော်အထိ ကောက်ယူ နေကြောင်း ခရီးသွား ပြည်သူတစ်ဦးထံမှ သိရသည်။

“စစ်ဆေးတာက တနိုင်း – ရှင်ဗွေယန်ကြားရယ် တနိုင်းနဲ့ မြစ်ကြီးနားကြားရယ် ပိုစစ်ကြတာ ဂိတ်တွေတိုင်းကို လိုက်စစ်တာ ကျွန်တော်တို့ဆို ထောက်ခံစာ မပါတော့ ဂိတ်တိုင်း ပိုက်ဆံပေးရတယ်၊ တစ်ချို့ဆို ခရီးသွားခနှင့် စားဖို့ လောက်လေးနဲ့ပဲ သွားကြတာ၊ ပေးစရာပိုက်ဆံ တောင်မရှိကြဘူး ကျွန်တော်တောင် မြစ်ကြီးနားနဲ့ တနိုင်းကြားကို ကားခရယ် ဂိတ်တွေမှာပေးရတာ အားလုံးပေါင်းရင် တစ်သိန်းကျော်တောင်ကုန်တယ် ခါတိုင်းဆို သုံးသောင်းလောက်နဲ့ ရတယ် အခုက တကယ်ကို မလွယ်တော့ဘူး ခရီးသွားရတာ”ဟု ၎င်းက ပြောသည်။

မြစ်ကြီးနား – ရှင်ဗွေယန် သွားလမ်းရှိ ဂိတ်များမှ စစ်ဆေးနေသည်မှာ နိုင်ငံရေး မတည်ငြိမ်သည့် အချိန်မှစပြီး စစ်ဆေးမူများ ပြုလုပ်ခဲ့ပြီး ယခုမတ်လ အတွင်းတွင် စစ်ဆေးမူများ အပြင် ငွေကြေးကောက်ခံမူများဖြင့် ပို၍ တင်းကြပ်လာကြောင်း ခရီးသွားပြည်သူများ ပြောပြချက်အရ သိရသည်။

သံလွင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။