Trending Now

(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးတွင် ရဲတပ်ရင်း (၃၀)မှ စုပေါင်းသွေးလှူမှု ပြုလုပ်

Spread the love

(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးတွင် ရဲတပ်ရင်း (၃၀)မှ စုပေါင်းသွေးလှူမှု ပြုလုပ်

EPN
မြစ်ကြီးနား ၊ စက်တင်ဘာ ၁၆

ကချင်ပြည်နယ် ၊ မြစ်ကြီးနား မြို့ပြည်သူ့ဆေးရုံကြီးတွင် ယနေ့ မနက်ပိုင်းအချိန်က ရဲတပ်ရင်း (၃၀)မှ အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၈)နှစ်မြောက် မြန်မာနိင်ငံရဲတပ်ဖွဲ့နေအား ဂုဏ်ပြုသည့် အနေဖြင့် စုပေါင်း သွေးလှူဒါန်းမှု ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ရဲတပ်ဖွဲ့အနေနဲ့ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ ရပ်ရွာတည်ငြိမ်ရေးလုပ်ငန်းတွေအပြင် တရားဉပဒေစိုးမိုးရေနဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကိုလည်း ဆောင်ရွက်နေတာဖြစ်ပါတယ် ပြီးတော့ စာသင်ကျောင်းတွေ၊ဘုရားစေတီတွေ၊ဆေးရုံတွေမှာ သန့်ရှင်းရေးလုပ်ပေးသလို အသက်သွေးနဲ့ ပြည်သူ့လူထုအတွက် အသက်ကယ်မယ်ဆိုပြီး သွေးလှူရတာဖြစ်တယ်လို့ “၎င်းကပြောသည်။

အဆိုပါ သွေးလှူဒါန်းမှုတွင် မြစ်ကြီးနားမြို့ ရဲတပ်ရင်း (၃၀)မှ ရဲအင်အား (၆၀)ဦးခန့် သွေးလှူဒါန်းမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

နှစ်စဉ် ရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုသည့် အနေဖြင့် သွေးလှူဒါန်းပေးခြင်း စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဆေးရုံကြီးတို့အပြင် အများအကျိုးပြု နေရာများတို့တွင် စုပေါင်းသန့်ရှင်းရေးများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။