Trending Now

ရုရှားက ရေးကြောင်းပိတ်ဆို့ထားတာကြောင့် တစ်ရက်ကို ဒေါ်လာ သန်း ၁၇၀ ခန့်ဆုံးရှုံးနေတယ်လို့ ယူကရိန်းဝန်ကြီးချုပ်ပြော

Spread the love

ရုရှားက ရေးကြောင်းပိတ်ဆို့ထားတာကြောင့် တစ်ရက်ကို ဒေါ်လာ သန်း ၁၇၀ ခန့်ဆုံးရှုံးနေတယ်လို့ ယူကရိန်းဝန်ကြီးချုပ်ပြော

EPN

နိုင်ငံတကာ၊ မေ ၁၁

ရုရှားနိုင်ငံက ရေကြောင်းတွေကို ပတ်ဆို့ထားတာကြောင့် ယူကရိန်းထွက် လယ်ယာကုန်ပစ္စည်းတွေဟာ နိုင်ငံရပ်ခြားကို တင်ပို့နိုင်ခြင်းမရှိပဲ တစ်ရက်ကို အမေရိကန်ဒေါ်လာ သန်း ၁၇၀ လောက် ဆုံးရှုံးနေရတယ်လို့ ယူကရိန်း ဝန်ကြီးချုပ် ဒန်နီရှမိုင်းဟ် က ပြောကြားခဲ့ပါတယ်။

အိုဒါဆာမြို့မှာ မှာရှိတဲ့ ယူကရိန်းရဲ့ အကြီးမားဆုံး ဆိပ်ကမ်းကို ဥရောပ ကောင်စီဥက္ကဋ္ဌ လာရောက်စဉ်အတွင်း မစ္စတာ ဒန်နီ က အဲဒီလို ပြောကြားခဲ့တာ ဖြစ်တယ်လို့ ဒေသတွင်း မီဒီယာတွေက ဆိုပါတယ်။

အဲ့ဒီလို့ ပိတ်ဆို့နေတာကြောင့် နိုင်ငံရဲ့ လယ်ယာထွက် ကုန်ပစ္စည်းတန်ချိန်သန်း ၉၀ လောက်ဟာ အာဖရိက၊ အာရှနဲ့ ဥရောပနိုင်ငံတွေကို မတင်ပို့နိုင် ဖြစ်နေတယ်လို့ ယူကရိန်း ဝန်ကြီးချုပ်က ပြောကြားခဲ့တာပါ။

ရုရှားစစ်တပ်က တိုက်ခိုက်မှုတွေ လုပ်မှာကို စိုးရိမ်တာကြောင့် ပင်လယ်နက် ကမ်းခြေက အဲဒီဆိပ်ကမ်းမှာ ယူကရိန်းရဲ့ ကုန်တင်သင်္ဘော အစင်း ၇၀ လောက် သောင်တင်နေတယ်လို့လည်း သူက ဖြည့်စွက် ပြောကြားခဲ့ပါတယ်။

ရုရှားဟာ ကမ္ဘာ့စားနပ်ရိက္ခာ အကျပ်အတည်းဖြစ်အောင် ဖန်တီးဖို့ ကြိုးပမ်းနေတယ်လို့ သူက စွပ်စွဲလိုက်ပြီး ဒီပိတ်ဆို့မှုကြောင့် ဂျုံ၊ ပြောင်းနဲ့ တခြားထုတ်ကုန်တွေရဲ့ ကမ္ဘာတစ်ဝန်းဈေးနှုန်းတွေ မြင့်တက်လာခဲ့တာလို့လည်း သူကဆိုပါတယ်။

အဲဒီလို ထပ်မဖြစ်လာအောင် ကာကွယ် တားဆီးဖို့ တတ်နိုင်သမျှအားလုံး လုပ်ဆောင်ရမယ်လို့ ပြောကြားခဲ့ပြီး ယူကရိန်းဟာ ဂျုံနဲ့ပြောင်း တင်ပို့နေတဲ့ အဓိကနိုင်ငံ တစ်နိုင်ငံ ဖြစ်ပါတယ်။

Source – NHK


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။