Trending Now

လက်ရှိအသုံပြုနေကြသည့် ဖုန်းဆင်းကဒ်များ မှတ်ပုံတင်အချက်အလက် မမှန်ကန်ပါက အပြီးတိုင်ပိတ်သိမ်းမည်ဟု သတိပေး

Spread the love

လက်ရှိအသုံပြုနေကြသည့် ဖုန်းဆင်းကဒ်များ မှတ်ပုံတင်အချက်အလက် မမှန်ကန်ပါက အပြီးတိုင်ပိတ်သိမ်းမည်ဟု သတိပေး

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၂၀

လက်ရှိအသုံးပြုနေကြသည့် ဖုန်းဆင်းကဒ် (SIM Card) များတွင် အချက်အလက်များအား မှန်ကန်စွာ ဖြည့်စွက်ထားခြင်း မရှိသည်ကို တွေ့ရှိရပါက အဆိုပါ ဆင်းကဒ်များကို အပြီးပိတ်သိမ်းသွားမည်ဖြစ်ကြောင်းနှင့် လက်ကျန်ဖုန်းဘေလ်များကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးညွန်ကြားမှုဦးစီးဌာနက ယနေ့ သတိပေးထုတ်ပြန်ထားသည်။

ဆင်းကဒ်မှတ်ပုံတင်ပြုလုပ်ရာတွင် အသုံပြုထားသည့် အမည်၊ နိုင်ငံသား စိစစ်ရေးကတ်ပြားအမှတ်တို့အား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ e-ID Database အချက်အလက်များဖြင့် တိုက်ဆိုင် စစ်ဆေးသွားမည် ဖြစ်သည့်အတွက် ဆင်းကဒ်များ ဝယ်ယူအသုံးပြုရာတွင် မိမိတို့၏ မှတ်ပုံတင်(မှုရင်း)ဖြင့် သာ ဝယ်ယူအသုံးပြုကြရန်လည်း ဖော်ပြထားသည်။

ဆက်သွယ်ရေးအော်ပရေတာများနှင့် ဆင်းကဒ် ရောင်းချသူများအနေဖြင့်လည်း မှတ်ပုံတင်ရာတွင် ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်သွားရန် နှင့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းမရှိပါက လုပ်ထုံးလုပ်နည်း နှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ဝလုံး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။