Trending Now

အင်ဒိုနီးရှား လောင်စာဆီ သိုလှောင်ရုံ မီးလောင်မှု အနည်းဆုံး ၁၇ ဦး သေဆုံးခဲ့

Spread the love

အင်ဒိုနီးရှား လောင်စာဆီ သိုလှောင်ရုံ မီးလောင်မှု အနည်းဆုံး ၁၇ ဦး သေဆုံးခဲ့

EPN
နိုင်ငံတကာ၊ မတ် ၄

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်ရှိ အစိုးရပိုင် လောင်စာဆီ သိုလှောင်ရုံတစ်ခု မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၇ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဂျကာတာ မြောက်ပိုင်း၊ သိုလောင်ရုံအနီးမှာရှိတဲ့ နေအိမ်အများအပြား မီးကူးစက်လောင်ကျွမ်းခဲ့ရာ လူတွေ အထိတ်တလန့် ထွက်ပြေးခဲ့ရပြီး ရပ်ကွက်အတွင်းမှာရှိတဲ့ မိသားစုတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ဆိုပါတယ်။

သောကြာနေ့က ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုအတွင်း လူ ၁၇ ဦး သေဆုံးပြီး အနည်းဆုံး ၅၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဂျကာတာ မီးသတ်နှင့် ကယ်ဆယ်ရေးဌာနက ပြောကြားခဲ့ပါတယ်။

သေဆုံးသူတွေနဲ့ ဒဏ်ရာရရှိသူတွေဟာ ပြင်းထန်တဲ့ မီးလောင်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ကယ်ဆယ်ရေးဌာန အကြီးအကဲ ဂူနာဝမ် က အေအက်ဖ်ပီကိုပြောပါတယ်။

မီးစတင်လောင်ကျွမ်းပြီး နာရီအတော်ကြာမှ မီးလောင်ဧရိယာကို ထိမ်းချုပ်နိုင်ခဲ့တာဖြစ်ပြီး မီးသတ်သမားတွေက မီးငြိမ်းသတ်နိုင်ဖို့ ကြိုးစားနေတယ်လို့ သူက ဆိုပါတယ်။

ဒေသစံတော်ချိန် ည ၈ နာရီ ခန့်က စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးလောင်ရတဲ့ အကြောင်းရင်ကို ရှင်းလင်းစွာ မသိရသေးပါဘူး။
စစ်ဘက်အကြီးအကဲ Abdurachman နဲ့ Pertamina တို့က အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတယ်လို့ ပြောပါတယ်။

Ref; At least 17 killed in fire at Indonesia fuel storage depot

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။