Trending Now

မုံရွာမြို့ နန္ဒဝန်တန်ဖိုးနည်းအိမ်ယာအတွင်း ကိုရိုနာ‌ဗိုင်းရပ်စ် စောင့်ကြည့်လူနာများကို ဂီတနှင့်ဖျော်ဖြေပေး

Spread the love

မုံရွာမြို့ နန္ဒဝန်တန်ဖိုးနည်းအိမ်ယာအတွင်း ကိုရိုနာ‌ဗိုင်းရပ်စ် စောင့်ကြည့်လူနာများကို ဂီတနှင့်ဖျော်ဖြေပေး

EPN
မုံရွာ၊ဧပြီ – ၂

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ နန္ဒဝန်တန်ဖိုးနည်းအိမ်ယာအတွင်း ကိုရိုနာ‌ဗိုင်းရပ်စ် စောင့်ကြည့်လူနာများကို Save Monywa လူမှုအဖွဲ့က ဧပြီ ၁ ရက်နေ့ ညပိုင်းအချိန်က ဂီတနှင့်ဖျော်ဖြေခဲ့ကြသည်။

ထို့အပြင် မုံရွာမြို့ပေါ်စျေးများဆိုင်များတွင် အစိုးရိမ်လွန်ကာအလုအယက်စျေးဝယ်မှု ပြေလျော့စေရန် Save Monywa အဖွဲ့ကလိုအပ်သည့်မီးဖိုချောင်သုံးပစ္စည်း ဆေးဝါးများကိုအခမဲ့ဝန်ဆောင်ကာ အိမ်တိုင်ယာရောက်ပို့ဆောင်ပေးလျက်ရှိသည်။

“အဓိကတော့ သူတို့ကဒီထဲမှာပဲနေရတယ်။နိုင်ငံခြားကနေ ကြောက်လန့်ပြီး ထိတ်လန့်ပြီးတော့ ပြန်လာ ရတယ်။ ဒီမှာကျလဲတချို့တလေက အထင်သေး၊ အမြင်သေးဖြစ်ခံရတာပေါ့။ ဒါပြီးမိသားစုတွေနဲ့ဘဲ ချက်ချင်းမတွေ့ရတော့ သူတို့မှာဒီထဲမှာနေရတော့ စိတ်မွန်းကြပ်မှုတွေဖြစ်မှာပေါ့။ ဒါကြောင့် သူတို့ စိတ်မွန်းကြပ်မှုတွေကို တရက်မှပျော်ရွှင်သွားပါစေ၊သက်သာသွားပါစေရည်ရွက်ချက်နဲ့လုပ်ပေးမှာပါ”ဟု အဆိုပါအဖွဲ့မှ ဦးအောင်နေမျိုးကပြောသည်။

Save Monywa အဖွဲ့ကလိုအပ်သည့်မီးဖိုချောင်သုံးပစ္စည်း ဆေးဝါးများကိုအခမဲ့ဝန်ဆောင်ကာ အိမ်တိုင်ယာ ရောက်ပို့ဆောင်ပေးမှုကို မတ် ၂၄ ရက်နေ့မှစတင်လုပ်ဆောင်နေပြီး ယနေ့အထိ အိမ်ခြေ ၃၀ ကျော်အထိ ရှိကြောင်း သိရသည်။

Save Monywa အဖွဲ့ Volunteer လူငယ်များက မုံရွာမြို့တွင်းဘယ်နေရာက ဘယ်သူ မဆိုလိုအပ်သည့်ပစ္စည်း (ဆန်၊ဆီ၊ဆား၊ခေါက်ဆွဲ၊ငရုပ်၊ကြက်သွန်) စသည့်မီးဖိုချောင်သုံးစားနပ်ရိက္ခာများ၊ဆေးဝါးများ၊ သက်ကြီး ရွယ်ကြီးများ၊ကျန်း မာရေးတစုံတရာအခက်အခဲဖြစ်နေသူများ၊ လူနာများ အစရှိသည့်အပြင်ထွက်ရန် ခက်ခဲနေသူများကို ဝန်ဆောင်ပေးခြင်းဖြစ်သည်။

“ဝယ်မယ့်ပစ္စည်းတန်ဖိုးကိုအဖွဲ့ကနိုင်သည့်ပမာဏဖြစ်ရင် စိုက်ဝယ်ပေးပြီးပစ္စည်း ရောက်မှသာဘောင်ချာနဲ့ ကျသင့်တန်ဖိုးငွေသာပြန်ရှင်းပေးတယ်။အပိုကြေး ဝန်ဆောင်ခ တပြားတချပ်မှ ပေးရန်မလိုပါဘူး။မှာတဲ့ ပစ္စည်းရဲ့ တန်ဖိုး များလွန်းပြီး ကျွန်တော်တို့ အဖွဲ့က ပစ္စည်းအားလုံးကို ငွေမစိုက်နိုင်ခဲ့ရင် စိုက်နိုင်သည့် ပမာဏကို ပေးချေဝယ်ပြီးအရင်လာပေးပါမယ်။ အခုလိုဝန်ဆောင်မှုပေးတဲ့အခါမှာတော့ အခက်အခဲ တော့မရှိပါဘူး။ဒါပေမယ့်တချို့က အရက်၊ ဘီယာ၊ ကွမ်းနဲ့ဆေးလိပ်မှာတာတွေလဲရှိပါတယ်။ အဲဒါတွေကို တော့ ဝယ်မပေးပါဘူး”ဟုကိုအောင်နေမျိုးကဆိုသည်။

အဆိုပါအခမဲ့ဝန်ဆောင်မှုကိုVolunteer လုပ်ပေးချင်သူ လူငယ်များအနေဖြင့် ပူးပေါင်းနိုင်သလို အကူအညီလိုသူများအနေဖြင့် ဖုန်းနံပတ်(09954834823)ကိုဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။

ထို့အပြင် Save Monywa လူငယ်အဖွဲ့မှ ဧပြီ ၁ ရက်နေ့စ၍ မုံရွာမြို့ပေါ်ရပ်ကွက်များရှိ အိမ်များ၌ ပိုးသတ်ဆေးဖျန်းခြင်သူများရှိပါက ဖျန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သူရိယထက်
ဓာတ်ပုံ – ဝေဟင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။