Trending Now

ရွှေဘိုမြို့မှာ အများပြည်သူကို အကြောက်တရား ဖြစ်ပေါ်လာစေဖို့ ခြိမ်းခြောက်ပြောဆိုနေသူ ၁ ဦး အဖမ်းခံရ

Spread the love

ရွှေဘိုမြို့မှာ အများပြည်သူကို အကြောက်တရား ဖြစ်ပေါ်လာစေဖို့ ခြိမ်းခြောက်ပြောဆိုနေသူ ၁ ဦး အဖမ်းခံရ

EPN

နိုင်ဝင်ဘာ ၊ ၁၂

စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့ ၊ အမှတ် ၁၀ ရပ်ကွက် ၊ ဂေါက်ကွင်းလမ်း ၊ အမက ၉ ကျောင်းရှေ့မှာ မနေ့ နိုဝင်ဘာ ၁၁ ရက်နေ့ ၊ နေ့လည် ၂ နာရီဝန်းကျင်က အများပြည်သူကို အကြောက်တရားဖြစ်ပေါ်လာဖို့ အတွက် ခြိမ်းခြောက်ပြောဆိုနေတဲ့ လူ တစ်ယောက်ကို မြို့နယ်လုံခြုံးရေးအဖွဲ့က လာရောက် ဖမ်းဆီးသွားတယ်လို့ ရွှေဘိုမြို့ခံတွေဆီက သိရပါတယ်။

” အမှတ် ၉ အခြေခံပညာ မူလတန်းကျောင်းရှေ့မှာလာပြီး ၊ ကျောင်းသားတွေ ၊ ကျောင်းသားမိဘတွေ ၊ ပညာရေးဝန်ထမ်းတွေနဲ့ အများပြည်သူ အကြောက်တရားဖြစ်ပေါ်လာအောင် ခြိမ်းခြောက်ပြောဆိုနေတဲ့ သူ အဖမ်းခံရတာဖြစ်တယ် ” လို့ ဒေသခံ တယောက်က ပြောပါတယ်။

ဒါ့အပြင် ရွှေဘိုမြို့နယ်ရဲတပ်ဖွဲ့ရုံးနဲ့ နီးစပ်သူတယောက်က ” အများပြည်သူကို ခြိမ်းခြောက်ပြောဆိုနေတဲ့ အောင်ပြည့်ဖြိုး ဆိုတဲ့သူကို ဖမ်းဆီး အရေးယူထားတယ် ” လို့ ပြောပါတယ်။

ရွှေဘိုခရိုင်ထဲမှာ အများပြည်သူ အကြောက်တရားဖြစ်ပေါ်လာစေဖို့ ခြိမ်းခြောက်ပြောဆိုတာ ၊ လူမှုကွန်ရက်ကနေ ဝါဒဖြန့်တာတွေ ပြုလုပ်လာတဲ့အတွက် ပြီးခဲ့တဲ့ လပေါင်း ၂၀ ကျော်ကာလထဲမှာ ဖမ်းဆီးအရေးယူခဲ့ရသူပေါင်း ၃၀ ကျော်ရှိသွားပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

သွန်းသွန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။