Trending Now

အမြန်လမ်းတွင် ကုန်တင်ကားအရှိန်မထိန်းနိုင်ဘဲ Guard Rails တန်းကိုဝင်တိုက်ပြီး လမ်းလယ်ကျွန်းတွင် တိမ်းမှောက်

Spread the love

အမြန်လမ်းတွင် ကုန်တင်ကားအရှိန်မထိန်းနိုင်ဘဲ Guard Rails တန်းကိုဝင်တိုက်ပြီး လမ်းလယ်ကျွန်းတွင် တိမ်းမှောက်

EPN
နေပြည်တော်၊ မတ် ၁၅ (၂၀၂၄)

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ သာဂရအမြန်လမ်း မီးသတ်စခန်းအပိုင်တွင် ယမန်နေ့ (မတ် ၁၄ ရက်)၊ ညပိုင်းက ကုန်တင်ကား အရှိန်မထိန်းနိုင်ဘဲ Guard Rails တန်းကိုဝင်တိုက်ပြီး လမ်းလယ်ကျွန်းတွင် တိမ်းမှောက်ခဲ့မှု ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့၊ ည ၁၁ နာရီ ၄၅ မိနစ်ခန့်က အမြန်လမ်းမကြီး၏ သာဂရအမြန်လမ်း မီးသတ်တပ်ဖွဲ့စခန်းအပိုင် မိုင်တိုင်အမှတ် ၂၆၆/၁ နှင့် ၂၆၆/၂ ကြားတွင် နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ပန်းနှင့် သစ်သီးများ တင်‌ဆောင်လာသည့် Nissan Condor (ပြာ/ခဲ/ဖြူရောင်)ကုန်တင်ကားသည် အခင်းဖြစ်နေရာအရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းအား ကာရန်ထားသည့် Guard Rails တန်းအား ဝင်တိုက်မိပြီးနောက် လမ်းလယ်ကျွန်းတွင် တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ တိမ်းမှောက်မှုကြောင့် ကားမောင်းသူနှင့် လိုက်ပါလာသူအမျိုးသားတို့အနက် အမျိုးသား (၁)ဦး ကားအတွင်းညပ်နေသဖြင့် သာဂရအမြန်လမ်းမီးသတ်စခန်းနှင့် သာဂရအမြန်လမ်းရဲစခန်းတို့မှ တပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများ ပြုလုပ်ခဲ့ကြသည်။

ယင်းနောက် ကားအတွင်းညပ်နေသည့်အမျိုးသားအား ကယ်ထုတ်ခဲ့ပြီး၊ ထိခိုက်ဒဏ်ရာများ (မစိုးရိမ်ရ) ရရှိထားသဖြင့် အမြန်လမ်းမီးသတ်တပ်ဖွဲ့ပိုင်လူနာတင်ကားဖြင့် နေပြည်တော်ကုတင် (၁၀၀၀)ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။