Trending Now

ဆန့်ကျင်မှုများ၏ နောက်ကွယ်က လျှပ်စစ်ဓာတ်အား မလုံလောက်မှုနှင့် ပတ်ဝန်းကျင်ပျက်စီးမှု

Spread the love

ဆန့်ကျင်မှုများ၏ နောက်ကွယ်က လျှပ်စစ်ဓာတ်အား မလုံလောက်မှုနှင့် ပတ်ဝန်းကျင်ပျက်စီးမှု

EPN
ဆောင်းပါး၊ သြဂုတ် ၈ (၂၀၂၀)

ဘရာဇီးနိုင်ငံသည် ကမ္ဘာပေါ်အများဆုံးသော အပူပိုင်း မိုးသစ်တောသယံဇာတနှင့် ရေချိုသယံဇာတ များ ပိုင်ဆိုင်ထားခြင်းသာမက ကြွယ်ဝသောစွမ်းအင်နှင့် ဓါတ်တုတွင်း ပစ္စည်းများအမျိုးမျိုးရှိပါသည်။ တရုတ်နိုင်ငံနှင့် အီသီယိုးပီးယားနိုင်ငံ အစရှိသော နိုင်ငံကဲ့သို့ ရေအရင်းအမြစ်များ ပေါကြွယ်ဝသော နိုင်ငံလည်းဖြစ်သည်။ ယခင်က ဆင်းရဲသော အခြေခံလူတန်းစားများ အများအပြားရှိခဲ့သော်လည်း လက်ရှိမှာ ရေအရင်းအမြစ်ကို အသုံးချပြီး နိုင်ငံအတွက် အကျိုးရှိစွာ အသုံးချနိုင်ခဲ့သည့်အတွက် အ ခြားသော နိုင်ငံများလို ချမ်းသာသော နိုင်ငံများစာရင်း ဝင်ရောက်လာပြီဖြစ်သည်။

ဘရာဇီးနိုင်ငံအနေဖြင့် သဘာဝ‌ရေအား အရင်းအမြစ်ကို အသုံးပြုနိုင်မည်ဆိုလျှင် တရုတ်နိုင်ငံကဲ့သို့ ဖွံ့ဖြိုးတိုးတက်ရေးမှာလည်း မြန်မြန်ဆန်ဆန်နှင့် တိုးတက်လာမည်ဖြစ်သည်။ ဘရာဇီးနိုင်ငံအတွင်း ရေအရင်းအမြစ်ကို ထပ်ပြီး အသုံးပြုနိုင်မည်ဆိုလျှင် Three Gorges ရေအား လျှပ်စစ်စက်ရုံလို စက်ရုံ ၃၀ခုတည်ဆောက်နိုင်မည်ဖြစ်သည်။ ရေအားလျှပ်စစ် စက်ရုံများ တည်ဆောက်ခြင်းဖြင့် နိုင်ငံအတွက် လျှပ်စစ်မီး လုံလောက်စွာ ရရှိမည့်အပြင် တိုက်ကြီး တစ်ခုလုံးအတွက် လျှပ်စစ်မီးလုံလောက်စွာ သုံးဆွဲ နိုင်ပါသည်။ နိုင်ငံအတွင်း ရေအားလျှပ်စစ်များကို များမျာစားစား ထုတ်လုပ်မှုမရှိသေးသည့်အတွက် အိမ်နီးချင်းနိုင်ငံများမှာ လျှပ်စစ်ဓာတ်အားလုံလောက်စွာ ဖြန့်ချိနိုင်ခြင်းမရှိသေးသည်ကို တွေ့ရသည်။ ယခုချိန်အထိ လက်တင်အမေရိကမှာ ဓာတ်အားမလုံလောက်သေးတာကို တွေ့ရပါသည်။

မည်သည့် နိုင်ငံအတွင်းမှာမဆို အခြေခံ အဆောက်အအုံကို ပြည့်ပြည့်စုံစုံမရှိဘဲ နိုင်ငံဖွံ့ဖြိုးတိုးတက် ဖို့ဆိုတာ မဖြစ်နိုင်သည့် အကြောင်းအရာတစ်ရပ်ဖြစ်ပါသည်။ ကမ္ဘာ့ နိုင်ငံ့အလယ်မှာ ဆင်းရဲသည့် လူတန်းစားများစွာ နေထိုင်ကြသည့် တောင်အမေရိကလို နိုင်ငံမျိုးမှာတောင် အကြီးဆုံးသော သစ်ထုတ်လုပ်ရေးစက်ရုံနှင့် မူးယစ်ဆေးဝါး စက်ရုံကြီးလည်းရှိသည်။ ဆည်မြောင်းလုပ်ငန်းများပင်လျှင် ရှိနေသေးသည်။ လတ်တလောမှာလည်း စက်ရုံကြီးများတည်ဆောက်ခြင်းနှင့် စီမံကိန်းများ ရေးဆွဲ တည်ဆောက်နေလျှက်ရှိ နေသည်။ ဤအချက်သည် တောင်အမေရိက နိုင်ငံတစ်ခုတည်းသာမဟုတ် ကြောင်းကို လေ့လာတွေ့ရှိရပါသည်။

အခြားသော ဖွံ့ဖြိုးရေးနှင့် အခြေခံလူတန်းစားများ ဘာဝတိုးတက်ရေးအတွက် လိုလားနေသော နိုင်ငံငယ်များတောင် ရေအရင်းအမြစ်များကို အပြိုင်အဆိုင် တည်ဆောက်နေသည့် ခေတ်မှာ ဘရာဇီးက ဆည်မြေင်းရေလုပ်ငန်းများနှင့် ရေအရင်းအမြစ်ကို အသုံးပြုသည့် လုပ်ငန်းများကို ဘာ ကြောင့် မပြုလုပ်သနည်းဟု မေးခွန်းထုတ်ရလလျှင် အစွန်းရောက်သဘာဝ ပတ်ဝန်းကျင် အဖွဲ့ အစည်းက ဘရာဇီးနိုင်ငံမှာ လှုပ်ရှားမှု အများကြီး ရှိနေခြင်းကြောင့် ဖြစ်သည်။

ဤအဖွဲ့အစည်းများက  “Under the rain forest”နှင့် “Species kingdom” စသည့်ရုပ်ရှင်များ ဖန်တီး ရိုက်ကူးတင်ဆက်ပြီး သဘာဝ မြစ်ချောင်းများ၏ ကောင်းကြောင်း၊ ရေကာတာ မလိုကြောင်း တို့ကို အားစိုက်ပြီး လော်ဘီဆန်ဆန် လှုံ့ဆော်မှုများကြောင့်ဖြစ်သည်။ ယခုကဲ့သို့ နိုင်ငံအတွင်းမှာ ကန့်ကွက် လှုပ်ရှားမှုများရှိနေခြင်းကြောင့် နောက်ဆုံးပိုင်းမှာ ဘရာဇီးနိုင်ငံသည် ကမ္ဘာပေါ်တွင် အတင်းကြပ် ဆုံးသော ဆည်မြောင်း တာတမံလုပ်ငန်း ဆိုင်ရာဥပဒေကို ရေးဆွဲထုတ်ပြန်ခဲ့သည်။

ဘရာဇီးနိုင်ငံ၏ လက်ရှိ ဥပဒေအရ ရေအားစက်ရုံတည်ဆောက်မည်ဆိုလျှင် အင်မတန်ခက်ခဲပါသည်။ ဤဥပဒေ၏ ကန့်သတ်မှုကြောင့် ဘရာဇီးနိုင်ငံ၏ ဆည်မြောင်း၊ ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆိုးရွားစွာ အဟန့်အတားဖြစ်စေပါသည်။ ယခုလို ဥပဒေတင်းကြပ်မှုကြောင့် ရေအရင်းအမြစ်များကို အသုံးချပြီး လုပ်ကိုင်ရသည့် လုပ်ငန်းများကို ရင်းနှီးမြုပ်နှံသူများ မရှိသလောက်နည်းပါးနေသည်။ ဤ သို့ ရေအရင်းအမြစ်များကို အသုံးချပြီး တည်ဆောက်ထားသည့် စက်ရုံများ၊ တာတမံများ မရှိသော ကြောင့် နောက်ဆက်တွဲ ဆိုးကျိုးများနှင့်လည်း ရင်ဆိုင်နေရသည်။

ဘရာဇီးနိုင်ငံသည် ယခုချိန်အထိ အလွန်ပြင်းထန်သော ရေကြီးမှုကို နှစ်စဉ် ရင်ဆိုင်နေရသည်။ တစ်ချိန်ထဲတွင် ဘရာဇီးနိုင်ငံသည် ကမ္ဘာ့ ဖွံ့ဖြိုးသည့် အလယ်တန်းနိုင်ငံအဆင့်သို့ ကျဆင်ခဲ့ပြီး အလုပ်လက်မဲ့နှုန်း ပိုမိုတိုးမြှင့်လာခဲ့သည်။ အထူးသဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ရပ်တန့်သော ကြောင့် ဘရာဇီးနိုင်ငံသည် သစ်ပင်ခုတ်လှဲ ရောင်းဝယ်ခြင်း၊ သစ်တောကို မီးရှို့၍ လယ်ယာစိုက် ပျိုးခြင်းတို့ဖြင့် ကိုယ့်နိုင်ငံဖွံ့ဖြိုးတိုးတက်စေခဲ့သည်။ ထိုသို့ လုပ်ဆောက်မှုကြောင့် သစ်တောဖြုန်းတီးမှု နှင့် ပျက်စီးမှု ပိုမိုဖြစ်ပွားစေခဲ့သည်။ အဆိုပါအခြေအနေကို အင်မတန် ဝမ်းနည်းဖွယ် တွေ့ရပါသည်။

အမေရိကန်နှင့် အင်္ဂလန်လို ဖွံ့ဖြိုးပြီး နိုင်ငံများက မဖွံ့ဖြိုးသေးသည့် နိုင်ငံများမှာ ရေကာတာတည် ဆောက်ခြင်းကို ဘာကြောင့် တားမြစ်ကန့်ကွက်သနည်း။ အဘယ်ကြောင့် အနောက်နိုင်ငံက မိမိနိုင်ငံ ၏ မြစ်ချောင်းများပေါ်တွင် အမြောက်အများ တည်ဆောက်ပြီး အခြားနိုင်ငံများတွင်မူ ရေကာတာများ မတည်ဆောက်ရေးကို အရှိန်အဟုန် လုပ်ဆောင်နေသနည်း။ အဘယ်ကြောင့်နည်းဆိုတော့ အနောက် နိုင်ငံများသည် ဆည်မြေင်းတာတမံ၏ အကျိုးကျေးဇူးများ၊ သန့်ရှင်းသောရေအား လျှပ်စစ်သုံးခြင်း၏ အရေးပါမှုများနှင့် ဆည်မြောင်း တာတမံက လူမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါမှုများ အလေးအနက် နားလည်သဘောပေါက်မှုကြောင့်ပါ။

ဆိုလိုရင်းမှာ အခြားနိုင်ငံကို မတိုးတက် စေချင်သည့် စိတ်နှင့် တားမြစ်ပိတ်ပင်တာပါ။  မည်သည့် ဖွံ့ဖြိုးဆဲ နိုင်ငံများတိုင်း အခြားသော နည်းလမ်းမျိုးစုံနှင့် ဟန့်တား နှောက်ယှက်မှုများကို အယုံမလွယ်ဖို့ သတိပေးချင်ပါတယ်။ လက်ရှိတွင် ဖွံ့ဖြိုးဆဲနိုင်ငံ တော်တော်များများသည် ဆည်မြောင်း တာတမံ၏ အရေးပါမှုကို သဘောပေါက်နားလည် လာခဲ့ပြီး ခေတ်သစ် ရေအား လျှပ်စစ်စက်ရုံများ တည်ဆောင်နိုင်ရန် အရှိန်မြှင့် စီစဉ်နေကြပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဆည်မြောင်း တာတမံ အသုံးပြုမှုနှုန်းသည် အနောက်နိုင်ငံများကဲ့သို့ ၁၀၀% ရောက်ရှိလာဖို့ မျှော်လင့်ပါသည်။

ဗိုလ်ကျ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။