Trending Now

ပူတာအိုခရိုင်၌ ငါးသယံဇာတထိန်းသိမ်းခြင်းလုပ်ငန်းများကို သိရှိနားလည်လာစေရန် အသိပညာပေး ပိုစတာများနေရာအနှံ့ စိုက်ထူ

Spread the love

ပူတာအိုခရိုင်၌ ငါးသယံဇာတထိန်းသိမ်းခြင်းလုပ်ငန်းများကို သိရှိနားလည်လာစေရန် အသိပညာပေး ပိုစတာများနေရာအနှံ့ စိုက်ထူ

EPN
ပူတာအို၊ မေ ၇

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးသယံဇာတထိန်းသိမ်းခြင်းလုပ်ငန်းများကို ဒေသခံပြည်သူလူထုများသိရှိနားလည်ပြီး လိုက်နာဆောင်ရွက်ကြစေရေးအတွက် အသိပညာပေးပိုစတာ များကို ငါးမဖမ်းရ ရာသီသုံးလတာကာလအတွင်း နေရာအနှံ့စိုက်ထူလျက်ရှိကြောင်းသိရသည်။

“ငါးသယံဇာတနဲ့ပတ်သက်ပြီး ၁၂လရာသီအနက် ငါးတို့မိတ်လိုက်ချိန်၊ ဉချချိန်၊ငါးသားဖောက်များရှင် သန်ကြီးထွားချိန် သုံးလတာကာလကို မဖမ်းကြဖို့ မသတ်ကြဖို့ပိတ်ပင်ထားတာဖြစ်ပါတယ်။အဲဒီလိုပိတ်ပင်ရ ခြင်းမှာလည်း မိမိတို့တစ်နိုင်ထဲမဟုတ်ပဲ တစ်ကမ္ဘာလုံးကျင့်သုံးပြီးတော့ သယံဇာတထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်ရတာဖြစ်ပါတယ်။ ငါးသယံဇာတများဟာ လူသားတို့အတွက် အာဟာရရိက္ခာ၊ အခွန်အခ၊ အလုပ် အကိုင်အခွင့်အလမ်း၊လူမှုစီးပွားဘ၀ဖန်တီးပေးသော မည်သူမျှ အရင်းမစိုက်ရတဲ့ ပဒေသာပင်ကြီးဖြစ်ပါ တယ်။ အဲဒါကြောင့် ငါးများကို ဉချခွင့်၊ သားဖောက်ခွင့်၊မျိုးပွားခွင့်၊ ရှင်သန်ကြီးထွားခွင့် အခွင့်အရေးများ ပေးသင့်ပါတယ်။ ဒါကြောင့် ငါးမဖမ်းရ ရာသီသုံးလတာကာလမှာ ငါးမဖမ်းကြဖို့မေတ္တာရပ်ခံပါတယ် “ ဟု ခရိုင်ငါးလုပ်ငန်း ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြသိန်းကပြောကြားသည်။

ရေနေသတ္တဝါမိတ်လိုက်မျိုးပွားရာသီချိန်တွင် ငါးဖမ်းဆီးခြင်း၊ စုဆောင်းခြင်း၊ ရောင်း၀◌ယ်တင်ပို့ခြင်း များမပြုလုပ်ကြရန်အတွက် ဒေသခံတိုင်းရင်းသားဘာသာများ၊ မြန်မာဘာသာများဖြင့် အသိပေးနိူးဆော် ချက် များ၊သတိပေးတားမြစ်ချက်များကို လူအသွားအလာများသောနေရာများနှင့်ကျေးရွာများအရောက် စိုက်ထူခဲ့ကြ သည့်အပြင် လက်ကမ်းစာစောင်များကိုလည်းဖြန့်ဝေခဲ့ကြသည်။

ပူတာအိုခရိုင်ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် တပိုင်တနိုင်ငါးမွေးမြူရေးဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ဒေသနှင့်ကိုက်ညီသည့်ငါးမျိုးစိတ်များသားဖောက်ထုတ်လုပ်ပြီး တနိုင်တပိုင်ငါးမွေးမြူလိုသူများအား ကောင်းမွန်သောနည်းစနစ်နှင့်အညီတနိုင်တပိုင်မွေးမြူစေခြင်း၊ဒေသရှိတိုင်းရင်းငါးမျိုးစိတ်များသားဖောက်ပြီး ဒေသတွင် တိုင်းရင်းငါးမျိုးများတိုးပွားလာစေရနအတွက် ၂၀၁၉-၂၀၂၀တွင် Bangama(ခေါ်) ကျောက်ငါးလူး ငါးမျိုးစိတ်ကို စမ်းသပ်သုတေသနသားဖောက်ခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ပြီး ယခုနှစ်တွင်လည်း အခြားငါးမျိုးစိတ်များကို သုတေသနပြုစမ်းသပ်သားဖောက်ခြင်းလုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။