Trending Now

ပခုက္ကူမြို့တွင် ဆီဘောက်ဆာယာဉ်ဖြင့် ဆီလာဖြည့်သည့် ယာဉ်ပေါ်တွင် ဖခင်ဖြစ်သူနှင့် လိုက်ပါလာသည့် ကလေးတစ်ဦး လေးရက်ကြာပျောက်ဆုံးနေ

Spread the love

ပခုက္ကူမြို့တွင် ဆီဘောက်ဆာယာဉ်ဖြင့် ဆီလာဖြည့်သည့် ယာဉ်ပေါ်တွင် ဖခင်ဖြစ်သူနှင့် လိုက်ပါလာသည့် ကလေးတစ်ဦး လေးရက်ကြာပျောက်ဆုံးနေ

EPN
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ New Day ဆီဆိုင်သို့ ဆီဘောက်ဆာယာဉ်ဖြင့် ဆီလာဖြည့်သည့် ယာဉ်ပေါ်တွင် ဖခင်ဖြစ်သူနှင့် လိုက်ပါလာသည့် အသက် (၆) နှစ်ဝန်းကျင်ရှိတဲ့ ကလေးတစ်ဦး ၄ ရက်ကြာ ပျောက်ဆုံးနေတယ်လို့သိရပါတယ်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ပဲခူးမြို့မှ ပခုက္ကူမြို့ New Day ဆီဆိုင်သို့ ဆီဖြည့်ပြီးနောက် ထိုဆိုင်တွင် သားဖနှစ်ဦးမှာ ၎င်းတို့၏ ဆီဘောက်ဆာယာဉ်အောက်တွင် ဖခင်ဖြစ်သူနှင့် အိပ်စက်နေရာ ညခင်းအချိန်တွင် သားဖြစ်သူမှာ ပျောက်ဆုံးသွားတာဖြစ်တယ်လို့ ဖခင်ဖြစ်သူက ပြောပါတယ်။

“ညခင်းပိုင်းပျောက်သွားတာ။ ကားရဲ့အောက်မှာ အိပ်ကြတာ။ အဲ့ဒီမှာပျောက်သွားတာ” လို့ ဖခင်ဖြစ်သူက ဆိုပါတယ်။
အသက် (၆) နှစ်ဝန်းကျင်ရှိသည့် မောင်ချစ်မင်းသာမှာ ဖေဖော်ဝါရီလ ၁၈ ရက် ညပိုင်းက ပျောက်ဆုံးသွားပြီး ယနေ့ဖေဖော်ဝါရီလ ၂၁ ရက်နေ့အထိ ပျောက်ဆုံးနေကာ ရှာမတွေ့သေးဘူးလို့ သိရပါတယ်။

Photo – Credit

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။