Trending Now

ဗန်းမော်မြို့တွင် ခေါက်ဆွဲရောင်းချနေသည့် စစ်မှုထမ်းဟောင်းတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

Spread the love

ဗန်းမော်မြို့တွင် ခေါက်ဆွဲရောင်းချနေသည့် စစ်မှုထမ်းဟောင်းတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

EPN
မြစ်ကြီးနား၊ ဇူလှိုင် ၁၈

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ ရွှေကျီးနားလမ်း ဆုံတွင် ယမန်နေ့ ဇူလိုင် ၁၇ ရက် နံနက် ၁၀ နာရီဝန်း ကျင်က ခေါက်ဆွဲရောင်းချနေသည့် စစ်မှုထမ်းဟောင်း အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ် သတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။

ဒေသတပ်ရင်းတစ်ခုမှ အငြိမ်းစားယူထားသည့် အသက် ၆၂ နှစ်အရွယ် ဦးတင်ဇော်ထွေးဆိုသူသည် ၎င်းခေါက်ဆွဲရောင်းချနေသည့် ဆိုင်နောက်ဘက်တွင် ရေမြောင်းဖော်နေစဉ် အမည်မသိ လူနှစ်ဦး ဆိုင်ကယ်ဖြင့် ရောက်ရှိလာကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ကျည်နှစ်ချက်ထိမှန်ခဲ့ပြီး အခင်းဖြစ်ရာနေရာ တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

သေဆုံးသွားသူ၏ ရုပ်အလောင်းအား ဗန်းမော်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်းနှင့် အခင်းဖြစ်နေရာသို့ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက လာရောက်စစ်ဆေးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အလားတူ ယခုလအစေားပိုင်းကလည်း မိုးမောက်မြို့နယ် ကုန်းလောလမ်းဆုံးအနီးက စားသောက်ဆိုင်ပိုင်ရှင် စစ်မှုထမ်းဟောင်းတစ်ဦး ၏ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရ၍ သေဆုံးသွားသည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့သေးသည်။

ဝလုံး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။