Trending Now

နန်ဆန်ယန် အလယ်တန်းကျောင်းဆောင် ပြင်/ထိန်းလုပ်ငန်းအတွက် ငွေကျပ်သိန်း ၆၀၀ ကျော်အသုံးပြုသွားမည်

Spread the love

နန်ဆန်ယန် အလယ်တန်းကျောင်းဆောင် ပြင်/ထိန်းလုပ်ငန်းအတွက် ငွေကျပ်သိန်း ၆၀၀ ကျော်အသုံးပြုသွားမည်

EPN
မြစ်ကြီးနား၊ ဇူလိုင် ၂

ရှစ်နှစ်ကြာစွန့်ပစ်ထားပြီး ယခုပညာသင်နှစ်မှ ပြန်လည်ဖွင့်လှစ်ခဲ့သော ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်အတွင်းရှိ နန်ဆန်ယန် အလယ်တန်းကျောင်းရှိ ကျောင်းဆောင် ပြန်လည် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများအတွက် ငွေကျပ်သိန်း ၆၀၀ ကျော် အသုံးပြုသွားမည် ဖြစ်ကြောင်း ကချင်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။


အဆိုပါကျောင်းဆောင်များ ပြုပြင်ထိန်းသိမ်းရန်အတွက် ပြည်ထောင်စု ရံပုံငွေမှ ငွေကျပ် (၆၁၉) သိန်း ချမှတ်ပေးထားပြီး ပြင်/ထိန်းလုပ်ငန်းများအတွက် တင်ဒါလျှောက်ထားသည့် ကုမ္ပဏီများကို စိစစ်နေဆဲ ဖြစ်ကြောင်း ကချင်ပြည်နယ် ပညာရေးမှူးရုံးမှ ဒုဘဏ္ဍာရေး ညွှန်ကြားရေးမှူး ဦးမြင့်စိုးက ဆိုသည်။
“ဒီနန်ဆန်ယန်ကျောင်း ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်အတွက် ကုမ္ပဏီ ၃ခုက တင်ဒါတင်ထားတယ်။ စီစစ်နေတုန်းဘဲ မထွက်သေးဘူး။ နှစ်ထပ်ဆောင်ပြင်ဖို့က (၅၃၆)သိန်း၊ နောက်တစ်ထပ်ဆောင်ပြင်ဖို့က (၈၃)သိန်းချပေးထားတယ်” ဟု ဦးမြင့်စိုးက ပြောသည်။

ယခုပညာသင်နှစ်တွင် ယင်းကျောင်းဆောင်ဟောင်း ၂ဆောင်၌သာ သင်ကြားပေးသွားမည်ဖြစ်ပြီး ကျောင်းဆောင်သစ်တိုးချဲ့တည်ဆောက်သွားရန် ယခုနှစ်အတွင်း၌ စီမံချက်မရှိသေးကြောင်း ၎င်းက ဆိုသည်။

“ဒီကျောင်းဆောင်တွေက ပြုပြင်မှ ရမယ်။ မပြုပြင်ဘူးဆိုရင်တော့ စာသင်ဖို့အတွက်ကို အဆင်ပြေမှာမဟုတ်ဘူး” ဟု ပြည်နယ် ပညာရေးမှူးရုံးမှ လက်ထောက်ညွန်ကြားရေးမှူး ဦးရဲအောင်က ပြောသည်။

နန်ဆန်ယန်အလယ်တန်ကျောင်း၌ ဝိုင်းမှော်မြို့နယ်၊ မိုင်းနားကျေးရွာရှိ ကန်​​တ်ာယန်အမည်ဖြင့် ဖွင့်​​​​လှစ်ထားသည့် အ.လ.က နန်ဆန်ယန်​​ကျောင်းမှ ပြန်လည်ရွှေ့ပြောင်းလာသည့် ကျောင်းသားကျောင်းသူအများဆုံးဖြစ်ပြီး လိုင်ဇာဘက်မှ စစ်​​ရှောင်စခန်းများရှိကျောင်းသားကျောင်းသူများလည်း ပါဝင်​​ကြောင်း သိရသည်။

လက်ရှိတွင် ကျောင်းဆရာ (၁)ဦး၊ကျောင်းဆရာမ (၁၂)ဦး စုစုပေါင်း (၁၃)ဦး တို့ဖြင့် သင်ကြားပို့ချပေးနေကြောင်း သိရသည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။