Trending Now

စပိန်နိုင်ငံ ရေနံချက်စက်ရုံ ပေါက်ကွဲမှုကြောင့် အလုပ်သမားနှစ်ဦး သေဆုံးကာ ကလေးငယ် ၂၅၀ ကိုဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ရ

Spread the love

စပိန်နိုင်ငံ ရေနံချက်စက်ရုံ ပေါက်ကွဲမှုကြောင့် အလုပ်သမားနှစ်ဦး သေဆုံးကာ ကလေးငယ် ၂၅၀ ကိုဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ရ

EPN
နိုင်ငံတကာ၊ မေ ၂၇

စပိန်နိုင်ငံ မြောက်ပိုင်းရှိ ဇီဝဒီဇယ်သန့်စင်စက်ရုံမှာ ပြင်းထန်တဲ့ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး မီးလောင်ကျွမ်းမှုကြောင့် အလုပ်သမားနှစ်ဦး သေဆုံးခဲ့ပြီး ကလေးငယ် ၂၅၀ ကိုဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ရတယ်လို့ သိရပါတယ်။

မေလ ၂၆ ရက်နေ့က စပိန်နိုင်ငံမြောက်ပိုင်း ကာလိုဟိုရာမြို့မှာရှိတဲ့ ဇီဝဒီဇယ် သန့်စင်စက်ရုံကနေ အနက်ရောင် မီးခိုးတွေထွက်ပေါ်လာပြီးနောက် ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့တာလို့ အေဘီစီ သတင်းဌာနက ဖော်ပြပါတယ်။

အဆိုပါ စက်ရုံအနီးတစ်ဝိုက်မှာ ကျောင်းသား/ ကျောင်းသူ ကလေးစုစုပေါင်း ၂၅၀ ခန့်ကွင်ဆင်းလေ့လာနေချိန်အတွင်း မှာပဲ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့ကြောင့် အရေးပေါ်ကယ်ဆယ်ရေး ဝန်ထမ်းတွေဟာ စက်ရုံးအနီးမှာ ရှိတဲ့ အပန်းဖြေဥယျာဉ်ထဲက ခရီးသွားတွေအပြင် ကျောင်းသား/ ကျောင်းသူတွေကိုလည်း အလျင်အမြန်ကယ်ထုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဇီဝဒီဇယ်သန့်စင်စက်ရုံအနီးတစ်ဝိုက် ၁ ကီလိုမီတာအကွာအဝေးအထိ အရေးပေါ်ဧရိယာအဖြစ် အဏာပိုင်တွေက သတ်မှတ်ခဲ့ရပြီး မီးငြှိမ်းသတ်နိုင်ဖို့အတွက် မီးသတ်သမားတွေဟာ အသဲအသန် ကျိုးစားခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

Source – ABC


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။