Trending Now

ထိုင်းရေတပ်သင်္ဘော နှစ်မြုပ်ပြီး ၃၁ ဦး ပျောက်ဆုံးနေ

Spread the love

ထိုင်းရေတပ်သင်္ဘော နှစ်မြုပ်ပြီး ၃၁ ဦး ပျောက်ဆုံးနေ

EPN
နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၉

ထိုင်းရေတပ်က သင်္ဘောသား ၁၀၀ ကျော် တင်ဆောင်လာတဲ့ ရေတပ်သင်္ဘောတစ်စီးဟာ တိမ်းမှောက်ပြီး သင်္ဘောသား ၃၁ ဦး ပျောက်ဆုံးနေတယ်လို့ ထိုင်းရေတပ်က ပြောပါတယ်။

အိတ်ခ်ျတီအမ်အေအက်စ် ဆူခိုတိုင်လို့ အမည်ပေးထားတဲ့ ထိုင်းရေတပ်သင်္ဘောဟာ မုန်တိုင်းကြောင့် ဓာတ်အားပေးခန်းမှာ ရှော့ခ်ဖြစ်ပြီး ရေလျံမှုဖြစ်ပွားကာ နှစ်မြုပ်သွားတာလို့ ဆိုပါတယ်။

လက်ရှိမှာ ၇၅ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း အဏာပိုင်တွေက ပြောကြားခဲ့ပြီး “၁၂ နာရီကျော်နေပြီ၊ ဒါပေမယ့် ကျွန်တော်တို့ ဆက်ရှာနေပါတယ်” လို့ ရေတပ်ပြောရေးဆိုခွင့်ရှိသူက ဘီဘီစီသတင်းဌာနကို ပြောပါတယ်။

အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေဖို့ ကယ်ဆယ်ရေးသမားတွေက ညလုံးပေါက် လုပ်ဆောင်ခဲ့ပြီး ဒီနေ့ ဒီဇင်ဘာ ၁၉ ရက်နေ့အထိ ဆက်လက်လုပ်ဆောင်နေတယ်လို့ ရေတပ်က ပြောပါတယ်။

အဲဒီစစ်သင်္ဘောဟာ မုန်တိုင်းဒဏ်ကြောင့် နစ်မြုပ်မသွားခင်မှာ ပရာချော့ခီရီခန်းပြည်နယ် ဘန်ဆာဖန်ခရိုင်ကနေ ကီလိုမီတာ ၃၂၀ (မိုင် ၂၀ ) အကွာရေပြင်မှာ ကင်းလှည့်နေတာဖြစ်ပါတယ်။

သင်္ဘောနှစ်မြုပ်နေချိန်မှာ ကူညီဖို့ ရေတပ်စစ်သင်္ဘော သုံးစင်းနဲ့ ရဟတ်ယာဉ်တွေကို စေလွတ်ခဲ့ပေမယ့် ဖရီးဂိတ်သင်္ဘော ခါရာဘူရီ အရင်ရောက်ရှိလာပြီး သင်္ဘောသား အများစုကို ကယ်တင်နိုင်ခဲ့တယ်လို့ ရေတပ်က ပြောပါတယ်။

သင်္ဘောနစ်မြုပ်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးဖို့ ရေတပ်က ထုတ်ပြန်ကြေညာခဲ့ပြီး “အထူးသဖြင့် အသုံးပြုနေဆဲ သင်္ဘောတစ်စီးအတွက် ဒါဟာ ကျွန်တော်တို့ တပ်ဖွဲ့ရဲ့ သမိုင်းမှာ တစ်ခါမှ မဖြစ်စဖူးသလောက်ပါပဲ” လို့ ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်က ပိုခ်ရောင်း က ပြောပါတယ်။

အိတ်ခ်ျတီအမ်အေအက်စ် ဆူခိုတိုင်သင်္ဘောကို ထိုင်းတော်ဝင်ရေတပ်အတွက် ၁၉၈၀ ခုနှစ် အလယ်ပိုင်းမှာ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

— ကိုးကား —
BBC
Ref; Thailand warship capsizes leaving 31 sailors missing

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။