Trending Now

ကချင်ပြည်နယ်တွင် ဆောင်သီးနှံချေးငွေ အတွက် ကျပ်သိန်းပေါင်း နှစ်သောင်းခွဲကျော် ထုတ်ချေးပေးရန် လျာထား

Spread the love

ကချင်ပြည်နယ်တွင် ဆောင်သီးနှံချေးငွေ အတွက် ကျပ်သိန်းပေါင်း နှစ်သောင်းခွဲကျော် ထုတ်ချေးပေးရန် လျာထား

EPN
မြစ်ကြီးနား၊ နိုဝင်ဘာလ ၁၈

ကချင်ပြည်နယ်အတွင်း ဆောင်းသီးနှံ ချေးငွေများကို အောင်တိုဘာလ (၇)ရက်နေ့မှ စတင်ကာ ထုတ်ချေးပေးလျှက်ရှိပြီး ယခုနှစ် ၂၀၂၂-၂၀၂၃ ခုနှစ်အတွက် ကျပ်သိန်းပေါင်း နှစ်သောင်းခွဲကျော် ထုတ်ချေးပေးရန်လျာထားကြောင်း ကချင်ပြည်နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

လက်ရှိတွင် မြို့နယ်(၇)မြို့နယ်မှ တောင်သူပေါင်း (၆၃၀)ကျော် ဧကပေါင်း (၄၀၀၀)ကျော်အတွက် ဆောင်းသီးနှံချေးငွေကို ထုတ်ချေးပေးထားပြီးဖြစ်ကြောင်း ကချင်ပြည်နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ ဆောင်းသီးနှံချေးငွေတွေကို အောက်တိုဘာလ (၇)ရက်ထဲကထုတ်ချေးပေးနေပါပြီး၊ ထုတ်ချေးရာမှာလဲ ပုံစံ (၇) မူရင်းရှိမှသာထုတ်ချေးပေးတာဖြစ်တယ်၊ ဒီနှစ်အတွက်ကကျပ်သိန်း (၂၅၀၀၀)ကျော် လူဦးရေ (၄၃၀၀)လောက်ချေးပေးနိုင်ဖို့လျာထားတယ်၊မနှစ်ကထပ်ဆိုရင် ၂၅ရာခိုင်နှုန်းကျော် ထုတ်ချေးပေးနိုင်ဖို့ စီစဉ်ထားပါတယ်” ဟု ၎င်းကပြောသည်။

အဆိုပါချေးငွေများကို ၂၀၂၃ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့ နောက်ဆုံးထား ပြန်လည်ပေးဆပ်ရမည်ဖြစ်ကာ တစ်နှစ်လုံးစာအတွင် တစ်ရာလျှင် (၅)ကျပ်နှုန်းဖြင့်သာ အတိုးနှုန်းပြန်လည်ပေးဆောင်ရမှာ ဖြစ်ကြောင်းသိရသည်။

အဆိုချေးငွေများကို နွေစပါးဧက (၁၅)ဧက နှင့် အခြားသီးနှံ ဧက (၂၅၀၀၀)ဧက အတွက် ထုတ်ချေးပေးရန်လျာထားပြီး စပါး တစ်ဧက လျှင် ကျပ် တစ်သိန်းခွဲ ၊ အခြားသီနှံ တစ် ဧက လျှင် ကျပ် တစ်သိန်းစီ ထုတ်ချေးပေးသွားမှာဖြစ်ကြောင်းသိရသည်။

အလားတူ ယမန်နှစ်က ဆောင်းသီးနှံချေးငွေအတွက် ကျပ်သိန်း (၁၆၀၀၀)ကျော်ထုတ်ချေးပေးနိုင်ခဲ့ပြီး လူဦးရေ (၂၅၀၀) နွေစပါးဧက (၂၁)ဧက ၊ အခြားသီးနှံဧက (၁၆၀၀)ဧကတို့အား ထုတ်ချေးပေးနိုင်ခဲ့ကြောင်းသိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။