Trending Now

ဗန်းမော်မြို့တွင် စက်သုံးဆီပြတ်လပ်မှုကြောင့် ဆီပန့်ဆိုင်အချို့ပိတ်ထားရ

Spread the love

ဗန်းမော်မြို့တွင် စက်သုံးဆီပြတ်လပ်မှုကြောင့် ဆီပန့်ဆိုင်အချို့ပိတ်ထားရ

EPN
မြစ်ကြီးနား၊ မေ ၂၁

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် စက်သုံးဆီပြတ်လပ်မှုကြောင့် ယနေ့မှစ၍ ဆီပန့်ဆိုင်အချို့ ပိတ်ထားရပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“မြို့ထဲက ရွှေတောင်တန်း ဆီဆိုင်နဲ့ ဟိန်းအောင်ဆီဆိုင်တွေကတော့ ဒီနေ့ကစပြီး ပိတ်သွားပြီ ၂ မိုင်က Denko ဆီဆိုင်တော့ ဖွင့်ထားသေးတယ် ဒါပေမယ့် 92 မရတော့ဘူး 95 ပဲရတော့တယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

ဗန်းမော်မြို့တွင် စက်သုံးဆီများပြတ်လပ်နေမှုကြောင့် အချို့ဆိုင်များသည် အရည်အသွေးပြည်မှီခြင်းမရှိသော ဆီများကို အဆမတန် ဈေးတင်ရောင်းချနေမှုများလည်းရှိကြောင်း ဒေသခံဈေးသည်တစ်ဦးကပြောသည်။

“အရင်က ဓါတ်ဆီတစ်လီတာဆို မိုင် ၂၀ လောက်သွားလို့ရတယ် အခုက မရဘူး အချို့ အပြင်မှာရောင်းနေတဲ့ ဆိုင်တွေတွေဆို 92 မပြည့်တဲ့ဆီတွေကို 92 ဈေးနှုန်းနဲ့ရောင်းနေတာ ကျွန်တော်တို့က ဆိုင်ကယ်နဲ့ သွားလာလုပ်စားနေရတာဆိုတော့ အခုဆိုမလွယ်ဘူး” ဟု ဒေသခံဈေးသည်တစ်ဦးကပြောသည်။

ယနေ့ ဗန်းမော်မြို့စက်သုံးဆီပေါက်ဈေးများမှာ 95 ၁ လီတာလျှင် ၂၄၀၅ ကျပ်၊ 92 ၁ လီတာလျှင် ၂၃၃၅ ကျပ် နှုန်းနှင့် ဒီဇယ် ၁ လီတာလျှင် ၂၃၄၅ ကျပ်အထိ ပေါက်ဈေး ရှိကြောင်းသိရသည်။

ဝလုံး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။