Trending Now

ထိုင်းနိုင်ငံက အကျဉ်းသားတွေဟာ ဘန်ကောက်မြို့ရဲ့ ရေမြောင်းတွေကို နှစ်နှစ်အတွင်း ပထမဆုံးအကြိမ် သန့်ရှင်းရေးလုပ်

Spread the love

ထိုင်းနိုင်ငံက အကျဉ်းသားတွေဟာ ဘန်ကောက်မြို့ရဲ့ ရေမြောင်းတွေကို နှစ်နှစ်အတွင်း ပထမဆုံးအကြိမ် သန့်ရှင်းရေးလုပ်

EPN
နိုင်ငံတကာ၊ ဇူလှိုင် ၁

ဘန်ကောက်မြို့ရဲ့ လူစည်ကားတဲ့နေရာတွေက ရေမြောင်းတွေကို နှစ်နှစ်အတွင်း ပထမဆုံးအကြိမ် သန့်ရှင်းရေးအဖြစ် ထိုင်းနိုင်ငံက အကျဉ်းသားတွေက သန့်ရှင်းရေးစေတနာ့ဝန်ထမ်း လုပ်ကိုင်နေကြပါတယ်။

ဘန်းကောက်မြို့မှာ ရှိတဲ့ မြောင်းတွေကို သန့်ရှင်းရေးလုပ်ဖို့ စေတနာ့ဝန်ထမ်းအဖြစ် လုပ်ကိုင်နိုင်နေတဲ့ အကျဉ်းသားတွေဟာ ဆုလာဒ်အနေနဲ့ ပြစ်ဒဏ်တွေကို လျော့ပေါ့ပေးသွားမှာဖြစ်ပါတယ်။

“ဒါဟာ တော်တော်ခက်ခဲပြီး ပင်ပန်းတဲ့အလုပ်ပါ ပိုဆိုးတာကတော့ အနံအသက်ဆိုးကြီးတွေက မခံနိုင်တာပါပဲ ဒါပေမယ့် ကျွန်တော့်မိသားစုဆီကို မြန်မြန်ပြန်နိုင်ဖို့အတွက် ဒီအလုပ်ကိုလုပ်ချင်နေပါသေးတယ် ”လို့ အမည်မဖော်လိုတဲ့ အသက် ၃၃ နှစ်အရွယ် အကျဉ်းသားတစ်ဦးက ပြောပါတယ်။

သူဟာ အကျဉ်းထောင် ၃ ခုကနေ ဘန်ကောက်မြို့ အရှေ့ဘက် ဆင်ခြေဖုံးရပ်ကွက်တွေကို ပို့ဆောင်ခံခဲ့ရတဲ့ အကျဉ်းသား ၈၀ ထဲက တစ်ဦးဖြစ်ပြီး မြောင်းသန့်ရှင်းရေးုလုပ်ငန်းကနေ ဝင်ငွေရှာနိုင်တဲ့အပြင် ပြစ်ဒဏ်ကျခံရမယ့် နေ့ရက်တွေကိုလည်း အကျဉ်းထောင်က လျော့ပေးသွားမှာဖြစ်ပါတယ်။

ဘန်ကောက်မြို့မှာ ရှိတဲ့ ဆိုင်ရှင်တွေကလည်း ဆိုင်အပြင်ကရေမြောင်းတွေ ရှင်းလင်းသွားတာကိုမြင်ရတဲ့အတွက် အကျဉ်းသားတွေကို ကျေနပ်အားရစွာ အလှူငွေတွေ နဲ့ အခြားပစ္စည်းတွေ လှူဒါန်းကြပါတယ်။

အကျဉ်းသားတွေက ဘန်းကောက်မြို့မှာရှိတဲ့ မြောင်းတွေရှင်းလင်းပေးခဲ့တာကို အကျဉ်းထောင့်စောင့်တစ်ဦးက ထုတ်ဖော်ပြောဆိုခွင့်မရှိတဲ့အတွက် အေအဖ်ပီ သတင်းဌာနက မေးမြန်းတာတွေကို ဖြေကြားခြင်းမရှိခဲ့ပါဘူး။

အကျဉ်းကျခံနေရတာ တစ်နှစ်မပြည့်သေးတဲ့ အကျဉ်းသားတစ်ဦးကလည်း စေတနာ့ဝန်ထမ်းအနေနဲ့ မြောင်းသန့်ရှင်းရေးလုပ်ရင် သူ့ရဲ အတိတ်က မှားခဲ့တာတွေကို ပြုပြင်သွားမယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ဘဝမှာ အမှားတွေလုပ်ပြီး ထောင်ထဲရောက်ကုန်တယ် အခုလို လူထုကို ကူညီဖို့ အခွင့်ကောင်းရလို့ အရမ်းစိတ်ချမ်းသာတယ်။”လို့ သူကပြောပါတယ်။

Source – afp

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။