Trending Now

အိန္ဒိယ ဂျီဟာခန်းပြည်နယ်တွင် H5N1 ကြက်ငှက်တုပ်ကွေး သတိပေးချက်ထုတ်ပြန်ထား

Spread the love

အိန္ဒိယ ဂျီဟာခန်းပြည်နယ်တွင် H5N1 ကြက်ငှက်တုပ်ကွေး သတိပေးချက်ထုတ်ပြန်ထား

EPN
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၃

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဂျီဟာခန်းပြည်နယ်ရှိ အစိုးရပိုင် ကြက်ခြံတစ်ခုတွင် H5N1 ကြက်ငှက်တုပ်ကွေး ဖြစ်ပွားပြီးနောက် အာဏာပိုင်များက ဗုဒ္ဓဟူးနေ့တွင် သတိပေးချက် ထုတ်ပြန်ခဲ့သည်။

မြို့တော် ရန်ချီး၏ အရှေ့မြောက်ဘက် ကီလိုမီတာ ၁၂၀ ခန့်အကွာ ဘိုကာရို ခရိုင် လိုဟန်ချယ်မြို့ရှိ အစိုးရပိုင် ကြက်မွေးမြူရေးခြံတွင် ကြက်ငှက်တုပ်ကွေး ဖြစ်ပွားကြောင်း အတည်ပြုခဲ့သည်။

အာဏာပိုင်များ၏အဆိုအရ လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း ကြက်အကောင်ရေ ၇၀၀ မှ ၈၀၀ ခန့် သေဆုံးခဲ့ရကြောင်း သိရသည်။

“ဘိုကာရိုမှာ ကြက်ငှက်တုပ်ကွေးရောဂါအကြောင်း အတည်ပြုပြီးနောက် အခြေအနေကို စောင့်ကြည့်ဖို့ ခရိုင် ၂၄ ခုမှာ ထိန်းချုပ်ခန်းတွေ ထားရှိဖို့ ညွှန်ကြားထားပါတယ်” ဟု ပြည်နယ်တိရစ္ဆာန်မွေးမြူရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဒီပြဿနာကို ဆွေးနွေးဖို့ ထိပ်တန်းအရာရှိတွေနဲ့လည်း တွေ့ဆုံခဲ့ပြီး ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ဖို့ ကြက်ခြံမှာ ကျန်နေတဲ့ ငှက်တွေကို သုတ်သင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။” ဟု ၎င်းက ဆက်ပြောသည်။

ပေးပို့သည့် နမူနာများတွင် ကြက်မွေးမြူရေးခြံမှ ကြက်ငှက်တုပ်ကွေး (H5N1) ကို အတည်ပြုပြီးနောက် တာဝန်ရှိသူများ အဆိုအရ အဆိုပါ ဒေသများတွင် ကြက်ငှက်များ ရောင်းချခြင်းအား ဆက်လက် တားမြစ်သွားမည် ဖြစ်ကြောင်း သိရသည်။

ဒေသန္တရအုပ်ချုပ်ရေးမှ ပြည်သူများအား ဒေသတွင်း ရောဂါအခြေအနေကောင်းမွန်လာသည်အထိ ကြက်ငှက်စားသုံးခြင်းမှ ရှောင်ကြဉ်ရန် တိုက်တွန်းထားသည်။

H5N1 တုပ်ကွေးဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသော ငှက်များတွင် အလွန်ကူးစက်နိုင်သည့် ပြင်းထန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဖြစ်ပြီး လူကိုလည်း အခါအားလျော်စွာ ကူးစက်နိုင်သည်။

ref; India’s Jharkhand state on bird flu alert


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။