Trending Now

ပီရူးနိုင်ငံမှာ လေယာဉ်နဲ့ မီးသတ်ကား ဝင်တိုက်မိလို့ မီးသတ်သမားနှစ်ဦးသေဆုံး

Spread the love

ပီရူးနိုင်ငံမှာ လေယာဉ်နဲ့ မီးသတ်ကား ဝင်တိုက်မိလို့ မီးသတ်သမားနှစ်ဦးသေဆုံး

EPN
နိုင်ငံတကာ၊ နိုဝင်ဘာ ၁၉

LATAM လေကြောင်းလိုင်းက လေယာဉ်တစ်စီးဟာ နိုဝင်ဘာ ၁၈ ရက်နေ့ မနက်ပိုင်းက ပီရူးနိုင်ငံ မြို့တော်လီမာလေဆိပ်မှာ ပျံတက်နေစဉ် ပြေလမ်းပေါ်က မီးသတ်ယာဉ်နဲ့ ဝင်ရောက်တိုက်မိလို့ မီးသတ်သမားနှစ်ဦးသေဆုံးခဲ့တယ်လို့ လေကြောင်းလိုင်းက ပြောကြားခဲ့ပါတယ်။

မတော်တဆမှုကြောင့် လေယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ လေယာဉ်အမှုထမ်းတွေနဲ့ ခရီးသည်တွေ သေဆုံးမှုမရှိခဲ့ပေမယ့် ခရီးသည် ၂၀ ကိုအနီးက ဆေးရုံမှာ ဆေးကုသထားရပြီး ၆ ဦးဟာ စိုးရိမ်ရတဲ့ အခြေအနေရှိနေတယ်လို့ သိရပါတယ်။

လေဆိပ်အတွင်းမှာရှိတဲ့ လူပေါင်း ၆၁ ဦးကိုလည်း အနီးနားက ဆေးရုံဆေးခန်းတွေကို ပို့ဆောင်ပေးထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပေမယ့် ယာဉ်တိုက်မှုကြောင့် ဒဏ်ရရလို့လား ကြိုတင်ကာကွယ်တာလားဆိုတာကို တော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

လေယာဉ်ပျံတက်နေစဉ် မီးသတ်ကားက ဘာကြောင့် လေယာဉ်ပြေးလမ်းထဲကို ဝင်သွားလဲဆိုတာ မသိရသေးပေမယ့် လုပ်ကြံသတ်ဖြတ်မှုဖြစ်နိုင်ခြေရှိတဲ့ အဖြစ်အပျက်ကို စုံစမ်းစစ်ဆေးနေတယ်လို့ အစိုးရရှေ့နေရုံးကပြောပါတယ်။

ပီရူးနိုင်ငံသမ္မတ ပက်ဒရိုက မတော်တဆမှုအတွင်း သေဆုံးသွားတဲ့ မီးသတ်သမားနှစ်ဦးရဲ့ မိသားစုဝင်တွေနဲ့ ထပ်တူဝမ်းနည်းရကြောင်း တွစ်တာမှာရေးသားဖော်ပြခဲ့ပြီး ဒဏ်ရာရရှိခဲ့သူတွေကိုလည်း အမြန်ဆုံးပြန်လည်ကောင်းမွန်လာဖို့ ဆုတောင်းပေးခဲ့ပါတယ်။

–ကိုးကား —
ရိုက်တာ
ref; LATAM Airlines plane crashes on Peruvian runway, two firefighters dead

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။