Trending Now

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့် လျှောက်ထား

Spread the love

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့် လျှောက်ထား

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၁

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာက တော်ဝင် လွတ်ငြိမ်းချမ်းသာခွင့်ကို တောင်းခံခဲ့ကြောင်း အစိုးရဝန်ကြီးတစ်ဦးက ကြာသပတေးနေ့ (သြဂုတ် ၃၁) နေ့မှာ ပြောကြားခဲ့ပါတယ်။

၂၀၀၆ ခုနှစ် စစ်တပ်အာဏာသိမ်းမှုအတွင်း ဖြုတ်ချခံခဲ့ရတဲ့ အသက် ၇၄ နှစ်အရွယ် ဝန်ကြီးချုပ်ဟောင်းဟာ ၁၅ နှစ်ကြာ ပြည်နှင်ဒဏ်ခံရပြီးနောက် ပြီးခဲ့တဲ့ သီတင်းပတ်က ထိုင်းနိုင်ငံကို ပြန်လည်ရောက်ရှိချိန်မှာ အကျဉ်းထောင်ကို ပို့ဆောင်ခံခဲ့ရတာဖြစ်ပါတယ်။

အကျင့်ပျက်ခြစားမှု၊ အာဏာအလွဲသုံးစားမှုတို့နဲ့ ထောင်ဒဏ် ရှစ်နှစ်ကျခံနေရတဲ့ သက်ဆင်ရဲ့ တောင်းခံစာကို လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆောင်ရွက်သွားမှာဖြစ်ပြီး လွတ်ငြိမ်းခွင့်ရမရဆိုတာတော့ ဘုရင်ကြီးအပေါ် မူတည်တယ်လို့ အိမ်စောင့်တရားရေးဝန်ကြီး ဝိသာနုက ပြောပါတယ်။

“တော်ဝင် ကျေးဇူးတော်အပေါ် အခြေခံတာ သက်သက်ပါ။ အစိုးရရဲ့ လုပ်ထုံးလုပ်နည်းက မကြာပါဘူး၊ ဒါပေမယ့် (ဘုရင့်ရဲ့) စဉ်းစားမှုရဲ့ အရှည်ပေါ်မှာ မူတည်ပါတယ်။” လို့ သူက ပြောပါတယ်။

ထိုင်းနိုင်ငံရဲ့ ဥပဒေအရ လွတ်ငြိမ်းခွင့် တောင်းခံမယ့် အကျဉ်းသားတွေဟာ ဘုရင်ကြီး မဟာဝိဇယလောင်ကွန်းထံကို မသွားရောက်မီ သီးသန့်ကောင်စီထံ လွတ်ငြိမ်းခွင့်လျှောက်လွာကို တင်သွင်းရတယ်လို့ သိရပါတယ်။

စာရွက်စာတမ်းအားလုံး စနစ်တကျဖြစ်မယ်ဆိုရင် လျှောက်လွာတင်သွင်းတဲ့ လုပ်ငန်းစဉ်ဟာ တစ်လကနေ နှစ်လအထိ ကြာလေ့ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က သက်ဆင် ဘန်းကောက်မြို့ကို ရောက်ရောက်ချင်း ပထမဆုံး လူထုလုပ်ရှားမှုအဖြစ် လေဆိပ်က ထိုင်းဘုရင်ရဲ့ ပုံတူရှေ့မှာ ဒူးထောက်ပြီး အရိုအသေပေးခဲ့ပါသေးတယ်။

Ref; CNA

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။