Trending Now

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကချင်ပြည်နယ်မှ အားကစားသမားများကို ဂုဏ်ပြုငွေများချီးမြှင့်

Spread the love

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကချင်ပြည်နယ်မှ အားကစားသမားများကို ဂုဏ်ပြုငွေများချီးမြှင့်

EPN
မြစ်ကြီးနား ဇွန်လ ၆

မေလ (၁၂)ရက်နေ့မှ စတင်ကာ (၂၃)ရက်နေ့အထိ ဗီယက်နမ်နိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံ ကျင်းပပြုလုပ်ခဲ့သည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကချင်ပြည်နယ်မှ အားကစားသမားများကို ကချင်ပြည်နယ် အစိုးရအဖွဲ့မှ ဂုဏ်ပြုငွေများချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရသည်။

နိုင်ငံကိုယ်စားပြုအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကချင်ပြည်နယ်မှ အားကစားသမားများကို အသိအမှတ်ပြု ဂုဏ်ပြုသည့်အနေဖြင့် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ တစ်ဦးလျှင် ငွေကျပ် (၅)သိန်းကျပ်စီ ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း ကချင်ပြည်နယ် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ၊ပြည်နယ် အား၊ကာ ရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ မေလ ထဲမှာ ကျင်းပခဲ့တဲ့ ဗီယက်နမ်ကအိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့တဲ့ (၃၁)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ ကချင်ပြည်နယ်က လက်ရွှေးစင်ကစားသမားတွေကို ကချင်ပြည်နယ် အစိုးရအဖွဲ့ကနေ အသိအမှတ်ပြု ဂုဏ်ပြုတဲ့အနေနဲ့ တစ်ဦးကို ကျပ်ငွေ (၅)သိန်းစီ ချီးမြှင့်ခဲ့တယ်၊ အားကစားသမားတွေက သက်ဆိုင်ရာ အားကစားကန့်တွေမှာဖြစ်တဲ့အတွက် ကြောင့် သူတို့လေ့ကျင့်နေတဲ့ ကန့်တွေထိသွားရောက်ပြီး ချီးမြှင့်ခဲ့ပါတယ်၊ “ ဟု ၎င်းကပြောသည်။

ဗီယက်နမ်နိုင်ငံမှအိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၃၁)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင် ကချင်ပြည်နယ်မှကစားသမားများဖြစ်သည့် မ တင်တင်ဝေ (ပီတန်း)၊မ ချစ်ချစ် (ဘောလုံး)၊ကို ခင်မျိုးဝင်း (ဘောလုံး)၊ကို ဟန်မင်းထက် (သေနတ်ပစ်)၊မ ပြည့်စုံနှင်း (မြားပစ်)၊ကို ကျော်သီဟဦး (မြားပစ်)၊ကို ထိုက်ထိုက်ကျော် (ဂျူဒို)၊ကို ခေါ်ရန်ဆိုင်းအောင် (ဂျူဒို)၊ကို အောင်ချိုမြင့် (ပိုက်ကျော်ခြင်း) နည်းပြ၊ကို အောင်သူမင်း (ပိုက်ကျော်ခြင်း)၊ကို စိုးမြင့်ထွန်း (ကူရတ်)နှင့် မ အိအိဝင်း (ကူရတ်)တို့ကိုတစ်ဦးလျှင် (၅)သိန်းကျပ်တိတိ ချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရသည်။

ဗီယက်နမ်နိုင်ငံမှအိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၃၁)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှာ အဆင့်(၇)နေရာတွင်ရရှိခဲ့ပြီး ဆုတံဆိပ်များအနေဖြင့် ရွှေတံဆိပ်ဆု (၈)ဆု ၊ ငွေတံဆိပ်ဆု(၉)ဆုနှင့် ကြေးတံဆိပ်ဆု(၂၆)ဆု စုစုပေါင် (၄၂)ဆု ရရှိခဲ့ကြောင်းသိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။