Trending Now

ဝေဖန်မှုတွေမြင့်တက်လာလို့ လက်ခံထားတဲ့အလုပ်တွေကို ဖျက်သိမ်းလိုက်ကြောင်း ပိုင်တံခွန်ကြေညာ

Spread the love

ဝေဖန်မှုတွေမြင့်တက်လာလို့ လက်ခံထားတဲ့အလုပ်တွေကို ဖျက်သိမ်းလိုက်ကြောင်း ပိုင်တံခွန်ကြေညာ

EPN
မြစ်ကြီးနား၊ ဧပြီ ၈

အနုပညာလုပ်ငန်းတွေပြန်လည် လုပ်ကိုင်နေလို့ လူမှုကွန်ရက်ပေါ်မှာ ဝေဖန်မှုမြင့်တက်လာလို့ လက်ခံထားတဲ့ပွဲတွေကို ဖျက်သိမ်းလိုက်ပြီလို့ သရုပ်ဆောင် မော်ဒယ် ပိုင်တံခွန်က ကြေညာလိုက်ပါတယ်။

ထိန်းသိမ်းခံရာကနေ ပြန်လွတ်လာပြီးနောက် အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်နေတဲ့ ပိုင်တံခွန်ဟာ ဖျက်သိမ်းလိုက်ကြောင်း ဒီနေ့ မနက်မှာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ပြောဆိုခဲ့တာဖြစ်ပါတယ်။

” မနှစ်က ဒီလိုနေ့ မနက် ၄ နာရီ ကျွန်တော် တစ်နှစ်နီးပါး ဆင်းရဲဒုက္ခခံစားခဲ့ရပါတယ်၊ ဒါပေမယ့် ကျွန်တော့်ထက် အခုချိန်မှာ ပိုခက်ခဲကြပ်တည်းနေတဲ့ သူတွေရှိတာ ကျွန်တော် နားလည်ပါတယ်၊ ဒါကြောင့် ဒီအတောအတွင်း လက်ခံထားတဲ့ ပွဲတက်တွေ အားလုံး ကျွန်တော့်ဘက်က တရားဝင် ဖျက်သိမ်းလိုက်ပါပြီ’ လို့ ဆိုပါတယ်။

အခက်အခဲတွေ များစွာနဲ့ ရင်ဆိုင်နေရတဲ့ အနုပညာရှင်တွေကိုတော့ လုပ်ငန်းပြန်လည် လုပ်ကိုင်ခွင့်ပြုပေးဖို့ ပိုင်တံခွန်က သူ့ရဲ့ ပရိတ်သတ်တွေကို တောင်းဆိုခဲ့ပါသေးတယ်။

“တကယ်ခက်ခဲလွန်းနေတဲ့ တချို့အနုပညာရှင်တွေတော့ တတ်နိုင်တဲ့ အလုပ်လေးတွေ လုပ်ပါစေဗျာ” လို့ သူကပြောဆိုခဲ့တာပါ။

ပိုင်တံခွန်ဟာ ပုဒ်မ ၅၀၅ က နဲ့ ထောင်ဒဏ်သုံးနှစ်ချမှတ်ခံခဲ့ရသူတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့ တောင်သူလယ်သမားနေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတာဖြစ်ပါတယ်။

ကေကေ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။