Trending Now

အမျိုးသမီးတစ်ဦးထံမှ စိတ်ကြွဆေးပြား နှစ်ထောင့်ငါးရာကျော် ဖမ်းဆီးရမိ

Spread the love

အမျိုးသမီးတစ်ဦးထံမှ စိတ်ကြွဆေးပြား နှစ်ထောင့်ငါးရာကျော် ဖမ်းဆီးရမိ

EPN
ဗန်းမော်၊ ဇွန် ၂၆

ကချင်ပြည်နယ် မံစီမြို့နယ် မံသာ-သံတံတားလမ်းတွင် ယမန်နေ့ ညနေပိုင်းက အမျိုးသမီးတစ်ဦးထံမှ စိတ်ကြွမူးယစ်ဆေးဝါး ဆေးပြား ၂၅၀၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယင်းမူးယစ်ဆေးဝါးပြားများ သယ်ဆောင်လာသူမှာ မံစီမြို့၊ ဂျိန်းဖောမြေရပ်ကွက်နေ မမွန်းဆန့်ဂျာ ဆိုသူဖြစ်ပြီး ဗန်းမော်မူးယစ်တပ်ဖွဲ့စု(၁) မြို့ပေါ်လှုပ်ရှားအဖွဲ့ မှ ရဲအုပ်ကျော်စိုးဝင်းဦးစီးအဖွဲ့၊ မံစီမြို့မ ရဲစခန်း နယ်ထိန်းအဖွဲ့မှ ဒုတပ်ကြပ် သီဟမျိုးနှင့် သက်သေများနှင့် ယမန်နေ့၊ ဇွန်လ ၂၅ ရက်၊ ညနေ ၆နာရီအချိန်ခန့်တွင် သတင်းအရ မံစီမြို့နယ်၊ မံသာကျေးရွာအနီး မံသာနှင့် သံတံတား ကားလမ်း မပေါ်တွင် စောင့်ဆိုင်းနေစဉ် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပြီးသည်။

အဆိုပါမူးယစ်ဆေးဝါးများကို သံတံတားရွာဘက်မှ မံသာရွာဘက်သို့ ဘရန်နူးအောင် မောင်းနှင်ပြီး မမွန်းဆန့်ဂျာ နောက်ထိုင်လိုက်ပါလာသည့် Scoopy အနီရောင်ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးခဲ့ရာ မမွန်းဆန့်ဂျာ ၀တ်စဉ်ထားသည့် အနွေးထည်နှင့် ရှေ့ဝမ်းဗိုက်ကိုယ်အကြားတွင် အနက်ရောင် ပလပ်စတစ်ဖြင့် ထုတ်ထားသည့် WY စာတမ်းပါ စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား (၂၅၃၅) ပြား ကာလတန်ဖိုး ခန့်မှန်း (၅၀၇၀၀၀၀ိ/-)ခန့် ရှိကြောင်း သိရသည်။

၄င်းတို့နှစ်ဦးကို စစ်ဆေးပေါ်ပေါက်ချက် အရ မမွန်းဆန့်ဂျာက အဆိုပါမူးယစ်ဆေးဝါးများကို စည်သူ(စိစစ်ဆဲ) ဆိုသူက စီခန်းကြီးကြိုးတံတားအနီးတွင် ပေးခဲ့ပြီး မံသာ-မံစီအကြား လမ်းမပေါ် ချိန်းဆိုသည့်နေရာသို့ ငါးကြိမ်အထိ သယ်ယူပေးခဲ့ကြောင်း၊ တစ်ကြိမ်သယ်ခ ငွေနှစ်သိန်းရကြောင်း၊ ယခုတစ်ကြိမ်တွင် ၄င်းနှင့် ၀မ်းကွဲတော်စပ်သူ ဘရန်နူးအောင်ကို ခေါ်ယူပြီး စိတ်ကြွဆေးပြား များ သယ်ယူလာစဉ် ယခုကဲ့သို့ အဖမ်းခံရခြင်း ဖြစ်ကြောင်း ထွက်ဆိုခဲ့သည်ဟု ရဲမှတ်တမ်းအရ သိရသည်။

လက်ရှိတွင် မူးယစ်ဆေးဝါး သယ်ဆောင်လာသူများဖြစ်သည့် ဘရန်နူးအောင်၊၂၁ နှစ်၊ (ဘ)ဦးထွန်းအေး၊ မောရဝတီ ရပ်ကွက်၊ မန်စီမြို့နေသူနှင့် မမွန်းဆန့် ဂျာ၊ ၂၆ နှစ်၊ (ဘ)ဦး နော်အောင်၊ ဂျိမ်းဖေါမြေရပ်ကွက်၊ မံစီမြို့ နေထိုင်သူတို့အား မံစီမြို့မရဲစခန်းက မယ (ပ) ၂၇ /၂၀၂၀ ၊ မူး/စိတ်ပုဒ်မ၁၉ (က)/၂၀ (က)/၂၁ (က) ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း မံစီမြို့မရဲစခန်းမှ သိရသည်။

ဗန်းမော်သုခမိန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။