Trending Now

ABC ရုပ်သံသတင်းဌာနကို သြစတြေးလျရဲတပ်ဖွဲ့ ၀င်ရောက်စီးနင်းမှု ရုပ်သံသတင်းအေဂျင်စီနဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းများဝေဖန်

Spread the love

ABC ရုပ်သံသတင်းဌာနကို သြစတြေးလျရဲတပ်ဖွဲ့ ၀င်ရောက်စီးနင်းမှု ရုပ်သံသတင်းအေဂျင်စီနဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းများဝေဖန်

EPN
နိုင်ငံတကာ၊ ဇွန် ၆

သြစတြေးလျ အခြေစိုက် ABC သတင်းရုပ်သံ အသံလွှင့်ဌာနကို ရဲတပ်ဖွဲ့က ၀င်ရောက်စီး နင်းခဲ့တဲ့အတွက် တခြားရုပ်သံသတင်းဌာနတွေနဲ့ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့ အစည်းတွေ က ဝေဖန်ရှုတ်ချခဲ့ကြပါ တယ်။

သြစတြေးလျရဲတပ်ဖွဲ့ဟာ ဆစ်ဒနီက ABC ရုပ်သံလိုင်းရဲ့ ဌာနတွေကို သတင်းထောက်နှစ်ဦးနဲ့သတင်းအယ်ဒီတာတစ်ဦးရဲ့ အမည်စာရင်းပါတဲ့ ညွှန်ကြားချက်ဝရမ်းနဲ့ အခုလို ရှာဖွေခဲ့တာဖြစ်ပြီး ABC သတင်းဌာနက အခုလိုလုပ်ရပ်ကို ကန့်ကွက်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေဟာ ဇွန်လ ၄ ရက်နေ့ကလည်း သတင်းထောက်တစ်ဦးရဲ့ အိမ်ကို ၀င်ရောက်စီးနင်းရှာဖွေခဲ့ပါတယ်။ သြစတြေးလျနိုင်ငံရဲ့ ဂျာနယ်လစ်ဦးဆောင်သမဂ္ဂက အခုလို စီးနင်းရှာဖွေမှုတွေဟာ သြစတြေးလျနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်ကို ထိပါးစေတယ်လို့ ပြောကြားခဲ့ပြီး တခြားသမဂ္ဂနဲ့ လူ့ အခွင့်အရေးအဖွဲ့အစည်းတွေကလည်း ဝေဖန်ရှုတ်ချခဲ့ပါတယ်။

အခုလိုရှာဖွေမှုဟာ အာဖဂန်နစ္စတန်မှာ သြစတြေးလျအထူးတပ်ဖွဲ့ဝင်တွေရဲ့ စည်းမျဉ်းချိုးဖောက်မှုတွေကို ၂၀၁၇ ခုနှစ်က ဖော်ထုတ်ခဲ့တဲ့အတွက် ဖြစ်တယ်လို့ ABC သတင်းဌာနက ပြောပါတယ်။ ABC သတင်းဌာနဟာ ၂၀၁၇ ခုနှစ်က အာဖဂန်နစ္စတန်မှာ သြစတြေးလျအထူးတပ်ဖွဲ့ဝင်တွေရဲ့ စည်းမျဉ်းချိုးဖောက်မှု တွေကို The Afghan files ဆိုတဲ့ခေါင်းစဉ်အောက်မှာ အခန်းဆက်နဲ့ ဖော်ပြခဲ့ပါတယ်။

သြစတြေးလျရဲဌာချုပ်က အခုရှာဖွေစီးနင်းမှု နှစ်ခုဟာ ဆက်စပ်မှုမရှိဘဲ ဇွန်လ ၄ ရက်နေ့က သတင်းထောက်တစ်ဦးရဲ့ အိမ်ကို ၀င်ရောက်ရှာဖွေမှုဟာ ၂၀၁၈ ခုနှစ်က သြစတြေးလျ ပြည်သူတွေကို အစိုးရလျှို့ဝှက်ထောက်လှမ်းမယ့် အစီအစဉ်အကြောင်း ရေးသားခဲ့တဲ့အတွက် ဖြစ်တယ်လို့ ပြောပါတယ်။ ဆက်လက်ပြီး အခုလိုရှာဖွေမှုတွေဟာ ဆက်စပ်မှုမရှိပေမယ့် ABC ရဲ့ သတင်းဖော်ပြချက်နှစ်ခုလုံးဟာ သြစတြေးလျအမျိုးသားလုံခြုံရေးဥပဒေဆိုင်ရာ ၁၉၁၄ ခုနှစ် ရာဇ၀တ်မှု အက်ဥပဒေကို ချိုးဖောက်ခဲ့တယ်လို့ သြစတြေးလျရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

Ref; BBC
ABC raid: Outcry as Australian police search public broadcaster


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။