Trending Now

နောင်ချိုမြို့တွင် အမျိုးသားနှစ်ဦးထံမှ ကျပ်သိန်း ခုနှစ်ရာနီးပါး တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

Spread the love

နောင်ချိုမြို့တွင် အမျိုးသားနှစ်ဦးထံမှ ကျပ်သိန်း ခုနှစ်ရာနီးပါး တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ ဧပြီ ၈ (၂၀၂၄)

ရှမ်းပြည်နယ်၊ နောင်ချိုမြို့တွင် အမျိုးသားနှစ်ဦးထံမှ ကျပ်သိန်း ခုနှစ်ရာနီးပါး တန်ဖိုးရှိ ဘိန်းဖြူများကို ဧပြီလ ၆ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ နောင်ချိုမြို့အ၀င်၊ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် မော်တော်ယာဉ်များအား မူးယစ်သတင်းအရ စစ်ဆေးရှာဖွေစဉ် ကျော်မျိုးထက် မောင်းနှင်ပြီး ကျော်လေး လိုက်ပါလာသည့် HYUNDAI STAREX အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော ဘိန်းဖြူ အလေးချိန် ၄ ဒဿမ ၄ ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၆၆၀)နှင့် လက်ကိုင်ဖုန်း ၄ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ကျော်မျိုးထက် (၃၂)နှစ်နှင့် ကျော်လေး (၅၅)နှစ်တို့အား နောင်ချိုမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

အယ်လီ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။