Trending Now

မအူပင်မြို့မှာ ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဆရာဝန်တစ်ဦး ပါအဝင် ၄ ဦး ပြန်လွတ်လာ

Spread the love

မအူပင်မြို့မှာ ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဆရာဝန်တစ်ဦး ပါအဝင် ၄ ဦး ပြန်လွတ်လာ

EPN
မအူပင်၊ မတ်လ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့မှာ စစ်အာဏာရှင် အလိုမရှိဟုဆို၍ ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့ခြင်းကြောင့် ဖမ်းဆီးခံရပြီး မအူပင် အကျဉ်းထောင် မှာ ပုဒ်မ ၅၀၅-ကနဲ့ ထိန်းသိမ်းခံထားရတဲ့ ဆရာဝန် တစ်ဦး အပါအဝင် ၄ ဦးကို ယမန်နေ့ ညနေပိုင်းကပြန်လွတ်လာတယ် လို့မိသားစုဝင်များထံမှသိရပါတယ်။

”ဟုတ်ပါတယ် မနေ့က ညနေဘက်က လွတ်လာတာပါ။ ဆရာဝန်တစ်ဦးအပါအဝင် ၄ ယောက်ပြန်လွတ် လာတာပါ။ဘယ်လို ပုံစံနဲ့ပြန်လွှတ်ပေးတာလည်းဆိုတာတော့ မသိပါဘူး။ ပြန်လွတ်လာတဲ့သူတွေက ယခင်နှစ်က ဖမ်းဆီးခံရပြီး ပုဒ်မ ၅၀၅ -ကနဲ့အမှုဖွင့်ထားတဲ့ သူတွေပါ။”လို့ ပြန်လွတ်လာသူရဲ့ မိသားစုဝင် တစ်ယောက်က ပြောပါတယ်။

ပြန်လွတ်လာသူ ၄ ယောက်မှာ ဆရာဝန်နိုင်ထူး အပါအဝင် အမျိုးသား ၄ ယောက်ဖြစ်ပြီး သူတို့ ၄ ယောက်ကို ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလကတည်းက ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅၀၅ -ကနဲ့ အမှုဖွင့်ထားပြီး လက်ရှိ အမှုကို ပိတ်သိမ်းပြီးတော့ မတ်လ ၁၄ ရက် ညနေပိုင်းမှာ ပြန်လွတ်ပေးတာဖြစ်တယ် လို့ သိရပါတယ်။

မအူပင်မြို့နယ်မှာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ နိုင်ငံရေးဖြစ်စဉ်တွေ စတင်ဖြစ်ပွားချိန်ကနေ ယနေ့အထိ အဖမ်းခံထား ရသူ ၁၀၀ ကျော်ရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သူရ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။