Trending Now

နိုင်ငံအတွင်း ကိုဗစ်ရောဂါ ကင်စင်သွားပြီဖြစ်ကြောင်း ကမ္ဘောဒီးယား ကြေညာ

Spread the love

နိုင်ငံအတွင်း ကိုဗစ်ရောဂါ ကင်စင်သွားပြီဖြစ်ကြောင်း ကမ္ဘောဒီးယား ကြေညာ

EPN
နိုင်ငံတကာ၊ ဇွန် ၈

ကမ္ဘောဒီးယားနိုင်ငံအတွင်း နောက်ဆုံးကိုဗစ်လူနာတစ်ဦးဟာ ရောဂါမှ ပြန်လည်သက်သာလာပြီးနောက် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ လုံးဝကင်းစင်သွားပြီဖြစ်ကြောင်း ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံအတွင်းမှာ ပြီးခဲ့တဲ့ တစ်လလုံး ကိုဗစ်ရောဂါကူးစက်မှု အသစ်မရှိကြောင်း ဖော်ပြထားပြီး အစိုးရရဲ့ မှန်ကန်တဲ့ ဦးဆောင်မှု နဲ့ ကာကွယ်ဆေးရဲ့ ထိရောက်မှုတွေကြောင့် ကိုဗစ်ကပ်ရောဂါကို အောင်မြင်စွာ ထိမ်းချုပ်နိုင်ခဲ့တာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အော်ဗန်ဒင်းက ပြောပါတယ်။

“ကမ္ဘောဒီးယားဝန်ကြီးချုပ် တီမိုးဟွန်ဆန်ဟာ နိုင်ငံအတွင်း နေထိုင်တဲ့ ကမ္ဘောဒီးယားနိုင်ငံသားတွေနဲ့ နိုင်ငံခြားသားတွေအားလုံးကို ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးဖို့ မှန်ကန်တဲ့ အချိန်မီဆုံးဖြတ်ချက်ချခဲ့တာပါ” လို့ သူမက ပြောပါတယ်။

ကာကွယ်ဆေးတွေဟာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အစွမ်းအထက်ဆုံး ကိရိယာဖြစ်သလို ရောဂါကူးစက်ပျံ့နှံ့မှုနဲ့ ရောဂါကြောင့် သေဆုံးမှုကိုလည်း လျော့ကျစေတယ်လို့ အော်ဗန်ဒင်က ထပ်လောင်းပြောဆိုခဲ့ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံဟာ မြင့်မားတဲ့ ကာကွယ်ဆေးထိုးနှံမှုကြောင့် ၂၀၂၁ ခုနှစ် နိုဝင်ဘာ လကတည်းက လူမှုစီးပွား လှုပ်ရှားမှုအားလုံးကို ပြန်လည်စတင်ခဲ့တာဖြစ်ပြီး ကာကွယ်ဆေးအပြည်အ၀ ထိုးနှံထားတဲ့ ခရီးသွားတွေအတွက် နယ်စပ်ဂိတ်တွေကိုလည်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှစတင်ပြီး နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၃၆၂၆၂ ဦးရှိပြီး ယင်းတို့အနက် ၁၃၃၂၀၆ ဦးမှာ ပြန်လည်ကျန်းမာလာကာ ၃၀၅၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ကမ္ဘောဒီးယားနိုင်ငံဟာ လူဦးရေ ၁၆ သန်း ရှိသည့်အနက် ၉၄ ရာခိုင်နှုန်းခန့်ကို အနည်းဆုံးပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးထားပြီး လူဦးရေ ၈၉ ဒသမ ၄ ရာခိုင်နှုန်းခန့်ကိုတော့ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

Source – Xinhua

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။