Trending Now

တာချီလိတ်မြို့တွင် သီတင်းသုံးနေတော်မူသည့် နဂါးနှစ်ကောင်ဆရာတော်ကြီး ပျံလွန်တော်မူ

Spread the love

တာချီလိတ်မြို့တွင် သီတင်းသုံးနေတော်မူသည့် နဂါးနှစ်ကောင်ဆရာတော်ကြီး ပျံလွန်တော်မူ

EPN
တာချီလိတ်၊ ဖေဖော်ဝါရီ ၈ (၂၀၂၄)

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း (က)ရပ်ကွက်ရှိ နဂါးနှစ်ကောင်ကျောင်းတိုက်တွင် သီတင်းသုံးနေတော်မူသည့် နဂါးနှစ်ကောင် ဆရာတော်ကြီးသည် ယနေ့ ဖေဖော်ဝါရီ ၈ ရက်၊ နံနက်ပိုင်းက ပျံလွန်တော်မူသွားခဲ့ကြောင်း သိရသည်။

နဂါးနှစ်ကောင် ပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာနနာယက၊ နိုင်ငံတော် ဩဝါဒါစရိယ ဆရာတော် ဘဒ္ဒန္တဓမ္မသီရိ သက်တော် (၉၇)နှစ်၊ ဝါတော်(၇၇)ဝါသည် ယနေ့နံနက်ပိုင်းက နဂါးနှစ်ကောင်ကျောင်းတိုက်ရှိ သီးသန့်ဆောင်တွင် ပျံ လွန်တော်မူသွားခဲ့ခြင်း ဖြစ်သည်။

နဂါးနှစ်ကောင် ဆရာတော်ကြီးသည် ထိုင်းနိုင်ငံ၌ ဆေးကုသမှု ခံယူခဲ့ပြီးနောက် ယင်းကျောင်းတိုက်ရှိ သီးသန့်ဆောင်တွင် ဆက်လက်ဆေးကုသမှု ခံယူလျက်ရှိရာမှ ပျံလွန်တော်မူသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်၌ ဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပန အခမ်းအနားများ ကျင်းပနိုင်ရန် တာဝန်ရှိသူများနှင့် ဆရာတော်ကြီး၏ တပည့် ဒါယိကာ၊ ဒါယိကာမများက စီစဥ်လျက်ရှိကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။