Trending Now

ဆင်ဘိုမြို့ပေါ်ရှိ အမျိုးသမီးများကို KIA PDF ပူးပေါင်းအဖွဲ့က ထမင်းချက်ရန်် ဆင့်ခေါ်

Spread the love

ဆင်ဘိုမြို့ပေါ်ရှိ အမျိုးသမီးများကို KIA PDF ပူးပေါင်းအဖွဲ့က ထမင်းချက်ရန်် ဆင့်ခေါ်

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂၄ (၂၀၂၄)

ဆင်ဘိုမြို့တွင် တပ်မတော်နှင့် KIA/ PDFပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲများ
ထပ်မံဖြစ်ပွားနေပြီး ဆင်ဘိုမြို့ပေါ်ရှိ အမျိုးသမီးများကို ထမင်းချက် ကျွေးရန် ဖေဖော်ဝါရီ ၂၄ ရက်နေ့ (ယနေ့)တွင်
လာရောက်ဆင့်ခေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ဆင်ဘိုမြို့နှင့် ၃ မိုင်ခန့်အကွာရှိ တပ်မတော် ခလရ ၁၄၁ တပ်စခန်းကို KIA/ PDF ပူးပေါင်းအဖွဲ့မှ ဖေဖော်ဝါရီ ၁၀ရက်နေ့က စ၍တိုက်ခိုက်ခဲ့ရာ ယနေ့တွင် တိုက်ပွဲများ ပြင်းထန်လာပြီး၊ မြို့တွင်းရှိ အမျိုးသမီးများကို ထမင်းချက်ပြုတ်ပေးရန် လာရောက်ဆင့်ခေါ်နေသည့်အတွက် အမျိုးသမီးများကြောက်၍ ထွက်ပြေးတိမ်းရှောင်နေရကြောင်း တိမ်းရှောင်နေသူ တစ်ဦးက ပြောသည်။

” KIA/ PDF ပူးပေါင်းအဖွဲ့တို့က အခုလို တိုက်ခိုက်နေမှုကြောင့် နေအိမ်တွေကို စွန့်ခွာပြီး ထွက်ပြေးနေကြရပြီ။ ကျန်ရှိနေသူတွေမှာလဲ အသက်အန္တရာယ် စိုးရိမ်နေရတယ် ” ဟု ၎င်းကရှင်းပြသည်။

ဆင်ဘိုမြို့နှင့် ကျေးရွာနေ ဒေသခံပြည်သူများကို KIA/ PDF ပူးပေါင်းအဖွဲ့များကခရီးသွားလာခြင်းနှင့် ဝင်ထွက်သွားလာခြင်းများကို ကန့်သတ်ပိတ်ပင်ထားကာ ဆင်ဘိုမြို့ကိုလဲ ထိန်းချုပ်ထားကြောင်း သိရသည်။

ထူးခြား


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။