Trending Now

ဗန်းမောက်မြို့နယ် လူနေတဲအိမ်အတွင်း၌ အမျိုးသား ၄ ဦးကို ကျပ်သိန်း ၄၀၀ ကျော်တန်ဘိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ

Spread the love

ဗန်းမောက်မြို့နယ် လူနေတဲအိမ်အတွင်း၌ အမျိုးသား ၄ ဦးကို ကျပ်သိန်း ၄၀၀ ကျော်တန်ဘိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ

EPN
ဗန်းမောက်၊ မတ် ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်၌ လူနေတဲအိမ်တစ်လုံးအတွင်း မူးယစ်ဆေးဝါးသတင်းအရ ရှာဖွေရာ ကျပ်သိန်း ၄၀၀ ကျော်တန်ဘိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ အမျိုးသား ၄ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်၌ မူးယစ်ဆေးဝါးသတင်းရရှိသဖြင့် ဗန်းမောက်မြို့မရဲတပ်ဖွဲ့မှူး ရဲမှူး တင်ကိုကိုနှင့် ဗန်းမောက်မြို့မရဲစခန်းမှူး ဒုတိယရဲမှူး ခိုင်စိုးထွန်းတို့၏ ကြီးကြပ်မှုဖြင့် ရဲအုပ် ခင်သိန်း၊ မံစီကြီးနယ်မြေရဲစခန်းမှူး ရဲအုပ် ဇော်လင်းထွန်း၊ မြို့မရဲစခန်းမှ ဒုရဲအုပ် ဆန်းလွင်၊ ဒုရဲအုပ် အောင်နိုင်ထိုက်နှင့် တပ်ဖွဲ့ဝင်တို့သည် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအဖွဲ့ ဦးမင်းဇော်ဦး၊ ကိုမြင့်ဖုန်း၊ ဦးသက်ပိုင်၊ ဦးမောင်မောင်ကြီး၊ ဦးမျိုးဇော်သူ၊ ဦးထွန်းနိုင်ဦး ပူးပေါင်းအဖွဲ့နှင့်အတူ မတ်လ ၂၁ ရက် ညနေ ၅ နာရီအချိန်က ဗန်းမောက်မြို့နယ်၊ နားနန့်ထွန်-မိုးတေ လမ်းဆုံရှိ အောင်ဇော်သိန်း၏ နေအိမ်အား မူးယစ်ဆေးဝါး နေအိမ်ရှာဖွေခွင့်ဝရမ်းအမှတ်(၁၉/၂၀၂၀)ဖြင့် နေအိမ်တဲအတွင်း ဝင်ရောက်ရှာဖွေရာ မူးယစ်ဆေးဝါးများနှင့် အတူဖမ်းဆီးရမိခဲ့ကြသည်။

နေအိမ်တဲအတွင်း၌ အောင်သိန်း၊ စိုးဝင်း၊ အောင်တင်ဝင်း၊ ထွန်းရွှေ တို့ ၄ ဦးကို ဝိုင်းထိုင်လျှက် တွေ့ရှိရပြီး စစ်ဆေးခဲ့ရာ ၎င်းတို့သည် မူးယစ်ဆေးဝါးများ ရောင်းဝယ်ဖြန့်ဖြူးရန် တိုင်ပင်နေကြောင်းနှင့် မူးယစ်ဆေးဝါးများကို အောင်ဇော်သိန်း၏ နေအိမ်အိပ်ခန်းအတွင်းရှိ သေတ္တာအတွင်း ထားရှိကြောင်း လိုက်လံပြသခဲ့ရာ ၎င်းသေတ္တာအတွင်းမှ Ray-Ban စာတမ်းပါ အညိုရောင် အိတ်အတွင်း အနက်ရောင ်ကြွတ်ကြွတ်အိတ်ဖြင့်ထည့်လျှက် အပြာရောင် ကပ်ခွာအိတ်အတွင်းမှ ပန်းရောင်စိတ်ကြွ ဆေးပြား (၂၀)ပြားစီပါ (၁၂)ထုတ် စုစုပေါင်း (၂၄၀၀)ပြား ကာလတန်ဖိုးငွေကျပ် (၁၂၀၀၀၀၀၀)၊ ဆပ်ပြာခွက်ဖြင့် ထည့်ထားသော ဘိန်းဖြူဟု ယူဆရသည့် ဖြူဝါအမှုန့် တစ်ခွက်လျှင် (၁၀)ဂရမ်ခန့်စီပါ ရောင်စုံဆပ်ပြာခွက် (၂၄)ခွက် စုစုပေါင်း ဘိန်းဖြူမှုန့်အလေးချိန် (၂၄၀)ဂရမ်၊ ဘိန်းဖြူဟု ယူဆရသည့် ဖြူဝါမှုန့်များပါ ပင်နယ်ဆလင် တစ်ပုလင်းလျှင် အလေးချိန် (ဝ.၃)ဂရမ်ခန့်စီပါ ပင်နယ်ဆလင်ပုလင်း (၄၇)လုံး စုစုပေါင်း ဘိန်းဖြူအမှုန့် (၁၄.၁)ဂရမ်၊ အညိုရောင်ဖန်ပုလင်းဖြင့် ထည့်လျှက် ဘိန်းဖြူအမှုန့် အလေးချိန် (၃.၁)ဂရမ်ခန့်ပါ တစ်ပုလင်း၊ အဖြူရောင်ဖန်ပုလင်းဖြင့် ထည့်လျှက် ဘိန်းဖြူအမှုန့် အလေးချိန် (ဝ.၆)ဂရမ်ခန့်ပါ တစ်ပုလင်း၊ အညိုရောင် ကော်ဗူးအတွင်း ထည့်လျှက် ဘိန်းဖြူအမှုန့် အလေးချိန် (၃.၅)ဂရမ်ခန့်ပါ ကော်ဗူးတစ်ဗူး၊ အဖြူရောင် ကော်ဗူးဖြင့် ထည့်လျှက် ဘိန်ဖြူအမှုန့် အလေးချိန် (၂.၅)ဂရမ်ခန့်စီပါ ကော်ဘူးနှစ်ဗူး စုစုပေါင်း (၅)ဂရမ်၊ အဖြူရောင်ကော်ဗူးဖြင့် ထည့်လျှက် ဘိန်းဖြူအမှုန့် အလေးချိန် (၃.၅)ဂရမ်ခန့်ပါ ကော်ဗူးတစ်ဗူး၊ စုစုပေါင်း ဘိန်းဖြူအမှုန့် အလေးချိန် (၂၆၉.၈)ဂရမ်ကာလ တန်ဖိုးငွေ(၂၆၉၈၀၀၀၀/)ကျပ်၊ အနက်ရောင် ကြွတ်ကြွတ်အိတ်ဖြင့် ထုပ်ထားသည့် ဘိန်းမဲဟု ယူဆရသော အစေးထုပ်ပိုးခွံပါ အလေးချန် (၄၀၀)ဂရမ် ကာလတန်ဖိုးငွေ (၁၂၀၀၀၀၀)ကျပ်၊ မူးယစ်ဆေးဝါး စုစုပေါင်း ကာလတန်ဖိုးငွေကျပ် (၄၀၁၈၀၀၀၀) တို့အား ရှာဖွေတွေ့ရှိခဲ့ကြသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချသူ အောင်ဇော်သိန်း (၃၇)နှစ် (ဘ) ဦးခိုင်လှ ရုံးရှည်ကျေးရွာ ဂန့်ဂေါမြို့နယ်၊ စိုးဝင်း (၅၄)နှစ် (ဘ) ဦးသန်းဖေ မံစီလေးရွာ ပင်လည်ဘူးမြို့နယ်၊ အောင်တင်ဝင်း (၂၆)နှစ် (ဘ) ဦးခိုင်လှ ရုံးရှည်ကျေးရွာ ဂန့်ဂေါမြို့နယ်၊ ထွန်းရွှေ (၅၆)နှစ် (ဘ) ဦးကံရှိန် အိုင်းကြီးကျေးရွာ ကောလင်းမြို့နယ်နေသူ (၄)ဦးတို့အား မံစီကြီးနယ်မြေရဲစခန်းမှ မယ(ပ) ၁၉/၂၀၂၀၊ မူး/စိတ် ပုဒ်မ-၁၉(က)အရ အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ဗန်းမော်သုခမိန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။