Trending Now

တရုတ်ပြည်ကို အလုပ်သွားလုပ်မည့်အမျိုးသမီးကို ၎င်း၏ချစ်သူအမျိုးသားမှ လည်ပင်းလှီးသတ်ဖြတ်

Spread the love

တရုတ်ပြည်ကို အလုပ်သွားလုပ်မည့်အမျိုးသမီးကို ၎င်း၏ချစ်သူအမျိုးသားမှ လည်ပင်းလှီးသတ်ဖြတ်

EPN
နေပြည်တော်၊ အောက်တိုဘာ ၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့၊ ရွှေစက်ရပ်ကွက် နယ်မြေ (၁) တွင် အမျိုးသမီးတစ်ဦး ဓားဒဏ်ရာများဖြင့် သေဆုံးနေသည့် ရုပ်အလောင်းတွေ့ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၃ ရက်ညခင်းအချိန်တွင် အသက်(၃၅) နှစ်အရွယ် အမျိုးသမီးဖြစ်သူမှ တရုတ် ပြည်ကိုအလုပ်သွားလုပ်မည်ဖြစ်ကြောင်းကို ၎င်း၏ချစ်သူအမျိုးသားအား ပြောပြရာမှ လက်မခံသောကြောင့် စကားများပြီး ချစ်သူအမျိုးသားမှ ၎င်းအားချိန်းတွေ့ရန်ပြောဆိုပြီး အသင့်ပါလာသောဓားဖြင့် ချစ်သူမိန်းကလေး ၏ လည်ပင်းကိုလှီးသတ်ခဲ့ကြောင်း သိရသည်။

ထိုသတ်ဖြတ်ခံရသည့်အမျိုးသမီးတွင် အသက်(၈) နှစ်အရွယ် ကလေးတစ်ဦးရှိကြောင်း၊ ၎င်းမှာချစ်ကျွမ်းဝင်နေ သည့် ချစ်သူအမျိုးသားမှ ဓားဖြင့်သတ်ဖြတ်သောကြောင့် သေဆုံးပြီး ကျူးလွန်သည့် ထိုအမျိုးသားကို မြစ်ကြီး နားရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီဖြစ်ပြီး ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။