Trending Now

ဟိန္ဒူ-မွတ်ဆလင် အဓိကရုဏ်းတွင် အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျခံရနေရသူ ၁၁ ဦး လွတ်မြောက်

Spread the love

ဟိန္ဒူ-မွတ်ဆလင် အဓိကရုဏ်းတွင် အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျခံရနေရသူ ၁၁ ဦး လွတ်မြောက်

EPN
နိုင်ငံတကာ၊ သြဂုတ် ၁၇

၂၀၀၂ ခုနှစ် ဟိန္ဒူ-မူဆလင် အဓိကရုဏ်းများအတွင်း ကိုယ်ဝန်ဆောင် မွတ်ဆလင် အမျိုးသမီးတစ်ဦးအား အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံနေရသော ဟိန္ဒူ အမျိုးသား ၁၁ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးခဲ့ကြောင်း တာဝန်ရှိသူများက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

အဆိုပါအမျိုးသားများ ပြန်လည်လွတ်မြောက်လာခြင်းနှင့် ပတ်သက်ပြီး သေဆုံးသူ၏ ခင်ပွန်းဖြစ်သူနှင့် ရှေ့နေများက ပြစ်တင်ရှုတ်ချခဲ့သည်။ အဓိကရုဏ်းများကြောင့် မိသားစုဝင်အများအပြား သေဆုံးခဲ့ရခြင်းကြောင့် စိတ်ပျက်မိကြောင်း သေဆုံးသူ၏ ခင်ပွန်းဖြစ်သူက ရိုက်တာသို့ ပြောကြားခဲ့သည်။

၎င်းတို့သည် ၂၀၀၈ ခုနှစ်အစောပိုင်းတွင် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီးနောက် ပြီးခဲ့သည့် သြဂုတ်လ ၁၅ ရက်နေ့တွင် ဂူဂျာရတ်ပြည်နယ်ရှိ Panchmahals အကျဉ်းထောင်မှ လွတ်မြောက်လာခဲ့ခြင်းဖြစ်ပြီး ဗြိတိသျှတို့ အုပ်စိုးမှုအဆုံးသတ်ခဲ့သည့် ၇၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ခြင်းဖြစ်သည်။

“အုပ်စုလိုက် မုဒိမ်းမှုနဲ့ လူသတ်မှုလိုမျိုး ဆိုးရွားတဲ့ ရာဇဝတ်မှုမျိုးနဲ့ ကျူးလွန်သူတွေကို ပြစ်ဒဏ်က လွတ်ငြိမ်းခွင့်က ကိုယ်ကျင့်တရားနဲ့ ကျင့်ဝတ်အရ မလျော်ကန်ပါဘူး” ဟု ရှေ့နေတစ်ဦးက ပြောသည်။

ဂူဂျာရတ်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ၂၀၀၂ ခုနှစ် ဟိန္ဒူ-မူဆလင် အဓိကရုဏ်းသည် အိန္ဒိယနိုင်ငံ၏ အဆိုးရွားဆုံး ဘာသာရေး အဓိကရုဏ်းများထဲမှ တစ်ခုဖြစ်ဖြစ်ပြီး လူပေါင်း ၁၀၀၀ ကျော် သေဆုံးခဲ့ပြီး အများစုမှာ မွတ်စလင်များ ဖြစ်သည်။

ဂူဂျာရတ်ပြည်နယ်ကို လက်ရှိအိန္ဒိယဝန်ကြီးချုပ် မိုဒီက ဦးဆောင်ခဲ့ပြီး ၎င်း၏ ဟိန္ဒူအမျိုးသားရေးဝါဒီ Bharatiya Janata ပါတီက လက်ရှိအချိန်အထိ အုပ်ချုပ်နေဆဲဖြစ်သည်။

အိန္ဒိယဥပဒေများအရ ပြစ်ဒဏ်ကျခံနေရသူများသည် ထောင်ဒဏ် ၁၄ နှစ်အကြာတွင် လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံနိုင်သည်ဟု တာဝန်ရှိသူများက ပြောသည်။

source – ရိုက်တာ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။