Trending Now

မိုးညှင်းမြို့နယ်တွင် အမျိုးသမီးတစ်ဦး၏ လက်ဆွဲခြင်းအတွင်းမှ ကျပ်သိန်းခြောက်ရာနီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Spread the love

မိုးညှင်းမြို့နယ်တွင် အမျိုးသမီးတစ်ဦး၏ လက်ဆွဲခြင်းအတွင်းမှ ကျပ်သိန်းခြောက်ရာနီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

EPN

မြစ်ကြီးနား၊ ဩဂုတ် ၃၀

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်စီးအောင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင်အမျိုးသမီးတစ်ဦး၏ လက်ဆွဲခြင်းအတွင်းမှ ကျပ်သိန်းခြောက်ရာနီးပါး တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ယမန်နေ့ ၁၀နာရီခွဲအချိန်က ဖမ်းဆီးရမိခဲ့ကြောင်းမိုးညှင်းမြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ဩဂုတ်လ၂၉ရက်နေ့၊မနက်၁၀နာရီခွဲအချိန် မိုးညှင်းမြို့နယ်၊ နန့်စီးအောင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မန္တလေးမြို့မှ မြစ်ကြီးနားမြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင်မော်တော်ယာဉ်အား မူးယစ်ဆေးဝါးသတင်းအရ ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင်လိုက်ပါလာသော ခရီးသည်မအေးစု သယ်ဆောင်လာသည့်လက်ဆွဲခြင်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၉၉၀၀ပြား (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၅၉၈ ဒဿမ ၅သိန်း)နှင့် လက်ကိုင်ဖုန်း၁လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မူးယစ်ဆေးဝါးနှင့် ပက်သတ်၍ မအေးစု (၄၃) နှစ်အား မိုးညှင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များကို ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

ထက်ထက်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။