Trending Now

ကချင်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၅၅ ဦး အထိရှိလာ

Spread the love

ကချင်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၅၅ ဦး အထိရှိလာ

EPN
မြစ်ကြီးနား၊ ဇူလိုင် ၃

၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ စ၍ ဇူလိုင် ၂ ရက် နေ့အထိ ကချင်ပြည်နယ် အတွင်းမှ မြို့နယ်(၉)မြို့နယ်တွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ စုစုပေါင်း ၄၀ ဦး အထိ ရှိလာပြီ ဖြစ်ကြောင်း ကချင်ပြည်နယ် ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

လက်ရှိအချိန်အထိ ကချင်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသည့် မြို့နယ်မှာ ရွှေကူမြို့နယ်ဖြစ်ပြီး ယမန်နေ့ ဇူလိုင် ၂ ရက် ထုတ်ပြန်ချက်အရ ၁၈ ဦးအထိ ရှိလာပြီ ဖြစ်ကြောင်းသိရသည်။

ယခုနှစ်အတွင်း ကချင်ပြည်နယ်၌ သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ မရှိသေးသော်လည်း မြစ်ကြီးနားမြို့နယ် တွင် (၇)ဦး၊ ဝိုင်းမော်မြို့တွင် (၈) ဦး၊ တနိုင်းမြို့နယ်တွင် (၁)ဦး၊ မိုးကောင်းမြို့နယ်တွင် (၂) ဦး၊ ဖားကန့်မြို့နယ်တွင် (၆) ဦး၊ ဗန်းမော်မြို့နယ်တွင် (၁၀) ဦး၊ မိုးမောက်မြို့နယ်တွင် (၁)ဦး၊ မံစီမြို့နယ်တွင် (၂) ဦး၊ ရွှေကူမြို့နယ်တွင် (၁၈) ဦး စုစုပေါင်း (၅၅)ဦးအထိ ရှိ အထိရှိလာပြီ ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ မှတ်တမ်းများအရ ၂၀၁၉ ခုနှစ် အတွင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၄၃၂၅ဦး၊ သေဆုံးသူ ၃၁ ဦးအထိ ရှိခဲ့ကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ ကာကွယ်ထိန်းချုပ်ရေး ကာလလည်း ဖြစ်သည့် အတွက် ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်ချက် များကို လိုက်နာကြရန် ထို့အပြင်သွေးလွန် တုပ်ကွေး ရောဂါနှင့် ဆင်တုပ်ကွေး ရောဂါများကိုပါ ကြိုတင်ကာကွယ်နိုင်ရေး အတွက် ခြင်ကျား လောက်လန်း ရှင်းလင်းခြင်းကို မိမိတို့ ပတ်ဝန်းကျင်များတွင် အနည်းဆုံး တစ်ပတ်တစ်ကြိမ် မပျက်မကွက် ဆောင်ရွက်ကြရန် ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တိုက်တွန်းနိုးဆော်ထားသည်။

၂၀၁၉ ခုနှစ်အတွင်း ကချင်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားမှု ဆယ်စုနှစ်အတွင်း အမြင့်ဆုံးဖြစ်ပွားခဲ့ပြီး ဆင်တုပ်ကွေးရောဂါ သည်လည်း ပြည်နယ်အနှံ့အပြား ဖြစ်ပွားခဲ့သည်။

ကေသီ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။