Trending Now

နေပြည်တော်မှာ အခငွေကြေးယူကာ နိုင်ငံကူးလက်မှတ် ပြုလုပ်ပေးနေတဲ့ အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ

Spread the love

နေပြည်တော်မှာ အခငွေကြေးယူကာ နိုင်ငံကူးလက်မှတ် ပြုလုပ်ပေးနေတဲ့ အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ

EPN
နေပြည်တော်၊ မတ် ၁၁

နေပြည်တော်၊ ပျဉ်းမနားမြို့မှာ အခကြေးငွေယူကာ နိုင်ငံကူးလက်မှတ် ပြုလုပ်ပေးနေတဲ့ ပွဲစားအမျိုးသမီးတစ်ဦးကို မတ်လ ၉ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ထားပါတယ်။

မတ်လ ၇ ရက်က “နေပြည်တော်အသိုင်းအဝိုင်း” ဖေ့စ်ဘုတ် ဂရုမှာ Win Min Thant အကောင့်ပိုင်ရှင်က “နေပြည်တော် ၈ မြို့နယ် အိမ်ထောင်စုဖြင့် ပတ်စ်ပို့ အမျိုးမျိုးကို ယုံကြည်စွာဖြင့် အပ်နှံနိုင် ပါပြီ’’လို့ ရေးသားဖော်ပြထားတဲ့အတွက် လုံခြုံရေအဖွဲ့ဝင်တွေက စုံစမ်းခဲ့တာလို့ ဆိုပါတယ်။

ဒါ့ကြောင့် လုံခြုံရေးအဖွဲ့ဝင်တစ်ဦးက အသွင်ယူ ဆက်သွယ်စုံစမ်းခဲ့ရာ သာမန်မြန်မာနိုင်ငံကူးလက်မှတ်အသစ် ဒါမှမဟုတ် သက်တမ်းတိုး လျှောက်ထားလိုရင် ငွေကျပ် ၂၄၀၀၀ဝ ပေးချေရမှာဖြစ်ပြီး လျှောက်ထားသူဟာ မှတ်ပုံတင်မိတ္တူ နှစ်စုံ၊ သန်းခေါင်စာရင်း မိတ္တူ နှစ်စုံ ယူဆောင်ကာ ပျဉ်းမနားတရားရုံးရှေ့မှာရှိတဲ့ ရွှေလဝန်းမိတ္တူဆိုင်ကို စရန်ငွေ ကျပ်တစ်သိန်းနဲ့ လာရောက် အပ်နှံရမယ်လို့ ပြန်လည်ဖြေကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် PJ အမျိုးအစားလျှောက်ထားလိုရင် မြို့နယ်အလုပ်သမားရုံးက လေဘာကတ် ယူဆောင်လာရမှာဖြစ်ပြီး လေဘာကတ် ယူဆောင်ဖို့ အခက်အခဲရှိရင်တော့ ၅၀၀၀ ထပ်ပေးရမှာဖြစ်ပြီး အလုပ်အပ်မယ်ဆိုရင် စရန်ငွေနဲ့အတူ သူရဲ့နေအိမ်ကို လာရောက်အပ်နှံနိုင်တယ်လို့လည်း ဖြေကြားခဲ့တယ်လို့ ထုတ်ပြန်ချက် မှာဖော်ပြထားပါတယ်။

အလုပ်အပ်နှံတဲ့ နေ့ကစတင်ကာ သာမန်မြန်မာနိုင်ငံကူးလက်မှတ်ဆိုရင် တစ်ပတ်အတွင်း လျောက်ထားနိုင်ဖို့ ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး နှစ်ပတ်အတွင်း စာအုပ်ရရှိမယ်လို့ သူမက ပြန်လည်ဖြေကြားခဲ့တယ်လို့ ဆိုပါတယ်။

စုံစမ်းဖော်ထုတ်ချက်အရ သူမ ချိန်းဆိုထားတဲ့ ပျဉ်းမနားမြို့ ပေါင်းလောင်း(၂)ရပ်ကွက်ရှိ “ရွှေလဝန်းမိတ္တူ”ဆိုင်သို့ သွားရောက် ဖမ်းဆီးခဲ့ရာ အခငွေကြေးနဲ့ နိုင်ငံကူလက်မှတ်ပြုလုပ်ပေးနေတဲ့ မဝင်းမင်းသန့် ၄၂ နှစ်ကို မတ်လ ၉ ရက်နေ့က ဖမ်းဆီးရမိခဲ့ပြီး ပျဉ်းမနားမြို့မ ရဲစခန်းမှာ အမှုဖွင့်ကာ အရေးယူဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။

ဇိုး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။