Trending Now

ကာဂျစ္စတန်နိုင်ငံတွင် တစ်ရက်အတွင်း ဆရာဝန် ၂၂ ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

Spread the love

ကာဂျစ္စတန်နိုင်ငံတွင် တစ်ရက်အတွင်း ဆရာဝန် ၂၂ ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

EPN
နို်င်ငံတကာ၊ ဇွန် ၁၅

ကာဂျစ္စတန်နိုင်ငံတွင် တစ်ရက်အတွင်း နောက်ထပ် ကျန်းမာရေးလုပ်သား ၂၂ ဦးထက်မနည်း ကိုရိုနာဗိုင်း ရပ်စ် ကူးစက်ခံခဲ့ရကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး နျူဘိုလော့အူဆန်ဘေ့ဗ်က ကျန်းမာရေးလုပ်သားများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကို သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒုတိယဝန်ကြီး နျူဘိုလော့အူဆန်ဘေ့ဗ်၏ ပြောကြားချက်အရ ဘက်ကတ်မြို့တော်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၂ ဦး၊ ချုအီဒေသတွင် ၃ ဦး၊ အို့ရှ်ဒေသတွင် နှစ်ဦးနှင့် အို့ရှ်မြို့တော်တွင် ငါးဦးဖြစ်သည်။

တစ်ရက်အတွင်း ကျန်းမာရေးလုပ်သား ၁၃ ဦးထက်မနည်း ရောဂါသက်သာလာမှုကြောင့် ဆေးရုံမှဆင်း ခွင့်ပြုခဲ့သည်။

ကာဂျစ္စတန်နိုင်ငံတွင် ကျန်းမာရေးလုပ်သား စုစုပေါင်း ၄၆၀ ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပြီး ၄င်းတို့ အနက် ၃၅၄ ဦးကို ဆေးရုံမှဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။

–ကိုးကား–
ကေဂျီနယူးစ်
Ref; 22 more doctors contract coronavirus for a day in Kyrgyzstan


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။