Trending Now

MPT က မုန်တိုင်းသင့်ပြည့်သူတွေအတွက် MPT ဖုန်းအချင်းချင်းအကန့်သတ်မရှိဖုန်းခေါ်ဆိုခွင့် အခမဲ့ထောက်ပံ့

Spread the love

MPT က မုန်တိုင်းသင့်ပြည့်သူတွေအတွက် MPT ဖုန်းအချင်းချင်းအကန့်သတ်မရှိဖုန်းခေါ်ဆိုခွင့် အခမဲ့ထောက်ပံ့

EPN
မြစ်ကြီးနား၊ မေ ၁၇

MPT က ရခိုင်ဒေသမှ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ၎င်းတို့၏ မိတ်ဆွေများ၊ မိသားစုများနှင့် အဆက်အသွယ်ရရှိနိုင်ရန်နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် အတွက် MPT ဖုန်း အချင်းချင်း အကန့်အသတ်မရှိ အခမဲ့ ဖုန်းခေါ်ဆိုခွင့်၊ စာတိုပေးပို့ခွင့်နှင့် ဒေတာ (1GB) များကို ပေးအပ်ကြောင်း ထုတ်ပြန်ထားသည်။

မုန်တိုင်းဒဏ်သင့်ပြည်သူများ အမြန်ဆုံး ပြန်လည်ထူထောင်နိုင်ရေးအတွက်လည်း ဆုတောင်းမေတ္တာပို့သကြောင်း နှင့် MPT အနေဖြင့် မုန်တိုင်းဒဏ်ကြောင့် တာဝါပြိုလဲမှု၏ အကျိုးဆက်အဖြစ် ဆက်သွယ်ရေးအခက်အခဲများ ဖြစ်ပေါ်နေရသည့်အပေါ် အနူးအညွတ်တောင်းပန်ကြောင်း ထည့်သွင်းဖော်ပြထားသည်။

သက်ဆိုင်ရာ အင်ဂျင်နီယာ အဖွဲ့အနေဖြင့် ရခိုင်ဒေသအတွင်းဆက်သွယ်ရေးဝန်ဆောင်မှုများ နဂိုအတိုင်း ပြန်လည်ကောင်းမွန်စေရန်အတွက် ပြင်ဆင်မှုများကို အတတ်နိုင်ဆုံး လျင်မြန်စွာ ဆောင်ရွက်နေကြောင်း ဖော်ပြပါရှိသည်။

ကေကေ

 


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။