Trending Now

လုံးခင်း အချုပ်ထောင်မှ ဝန်ထမ်းများ၏ အမျိုးသမီး သုံးဦး ယနေ့ ဖမ်းဆီးခံရ

Spread the love

လုံးခင်း အချုပ်ထောင်မှ ဝန်ထမ်းများ၏ အမျိုးသမီး သုံးဦး ယနေ့ ဖမ်းဆီးခံရ

EPN
ဖားကန့်၊ အောက်တိုဘာ ၉ (၂၀၂၃)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းကျးရွာအုပ်စုအတွင်းရှိ လုံးခင်း အချုပ်ထောင်မှ ဝန်ထမ်းများ၏ အမျိုးသမီးသုံးဦး ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က ဖမ်းဆီးခံခဲ့ကြောင်း သိရသည်။

လုံးခင်း အချုပ်ထောင်မှ ဝန်ထမ်း၏ အမျိုးသမီး သုံးဦးသည် ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က ဒေသအခေါ် မှော်ပုံဈေးသို့ မီးဖိုချောင်သုံး ပစ္စည်းများ ထွက်ဝယ်ရာတွင် အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်ခြင်း ဖြစ်ကြောင်း မှော်ပုံဈေးအတွင်းက ဒေသခံပြည်သူတစ်ဦးက ပြောပြသည်။

“အမျိုးသမီးသုံးဦးကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင် သွားတယ်လို့ ဒီကနေ့ မနက်ပိုင်းက ကြားတယ်။ အဲ့အမျိုးသမီးသုံးဦးက ဈေးကို ခြေလျင်အလာမှာ လမ်းမှာ ဖမ်းဆီးခံရတာဖြစ်တယ်” ဟု ၎င်းက ရှင်းပြသည်။

ယနေ့ နံနက် ၁၀ နာရီ အချိန်ခန့်တွင် ဖမ်းဆီးခံရသော အဆိုပါ အမျိုးသမီး သုံးဦးကို ဖမ်းဆီးသွားသည့် လက်နက်ကိုင်များက မှော်ပုံဈေး အနီးသို့ ယနေ့ နေ့လယ် ၁ နာရီ ဝန်းကျင်က ပြန်လည် ပို့ဆောင်ခဲ့သဖြင့် လွတ်မြောက်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

နိုင်ငံရေး အရှုတ်အထွေး ဖြစ်ပွားပြီးနောက်ပိုင်းကစ၍ ဖားကန့်မြို့နယ်အတွင်း လုပ်ကြံသတ်ဖြတ်ရသည့် ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားလေ့ ရှိနေပြီး လုပ်ကြံသတ်ဖြတ်မှု အများစုမှာ လက်သည်မပေါ်ကြောင်းလည်း သိရသည်။

ထို့အပြင် ကချင်ပြည်နယ်အတွင်းတွင်လည်း ပြီးခဲ့သည့် နှစ်ပိုင်းအတွင်းကစ၍ တပ်မတော်နှင့် KIA၊ PDF လက်နက်ကိုင် အဖွဲ့တို့အကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေခြင်း‌ကြောင်း ဒေသခံအများစု အခက်အခဲများ ဖြစ်နေကြသည်ဟု သိရသည်။

ပိုင်ကြီး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။