Trending Now

McDonald’s နှင့် Coca-Cola တို့ ရုရှားတွင် ရောင်းချမှုကို ယာယီရပ်ဆိုင်း

Spread the love

McDonald’s နှင့် Coca-Cola တို့ ရုရှားတွင် ရောင်းချမှုကို ယာယီရပ်ဆိုင်း

EPN
နိုင်ငံတကာ၊ မတ် ၉

ရုရှားနိုင်ငံမှ နုတ်ထွက်ရန် အမေရိကန် လုပ်ငန်းများအပေါ် ဖိအားများ မြင့်တက်လာခဲ့ပြီးနောက် McDonald’s နှင့် Coca-Cola တို့သည် ရုရှားတွင် ရောင်းချမှုကို ယာယီရပ်ဆိုင်း သွားမည်ဟု ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

ရုရှားတွင် ဆယ်စုနှစ်သုံးစုကြာရှိခဲ့သည့် McDonald’s သည် ၎င်းပိုင်ဆိုင်သည့်ဆိုင်များအပါအဝင် နိုင်ငံတွင်းရှိ စားသောက်ဆိုင်ပေါင်း ၈၅၀ ကို ယာယီပိတ်သိမ်းသွားမည်ဟု ဦးစွာပြောကြားခဲ့သည်။

ယူကရိန်းအရေးနှင့် ပတ်သက်ပြီး ဖိအားများရင်ဆိုင်နေရသည့် ကူဝိတ်လုပ်ငန်းစုကြီး မှ ပိုင်ဆိုင်သော စတားဘတ် ကော်ဖီဆိုင်းများသည်လည်း လည်ပတ်နေသည့် ရုရှားနိုင်ငံရှိ စားသောက်ဆိုင်ပေါင်း ၁၃၀ ကို ချက်ချင်းပိတ်ပြစ်ခဲ့ရသည်။

အလားတူ ၁၉၇၀ ခုနှစ်များအစောပိုင်းကတည်းက ရုရှားတွင်ရောင်းချခဲ့သော Pepsi အချိုရည် ကုမ္မဏီကလည်း ဆိုဒါရောင်းချမှုကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး နို့၊ နို့ထွက်ပစ္စည်းနှင့် ကလေးအစားအစာများ ထုတ်လုပ်သည့် လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

McDonald’s သည် ရုရှားနိုင်ငံ၌ ပထမဆုံး စားသောက်ဆိုင်ကို ၁၉၉၀ ခုနှစ်တွင် မော်စကိုမြို့ရှိ ပွတ်ရှကင် ရင်ပြင်တွင် ဖွင့်လှစ်ခဲ့ပြီး ရုရှားလူမျိုးများအတွက် အနောက်တိုင်းယဉ်ကျေးမှု၏ သင်္ကေတတစ်ခု ဖြစ်လာခဲ့သည်။

ကုမ္ပဏီသည် ရုရှားနိုင်ငံအတွင်း လူပေါင်း ၆၂၀၀၀ ကို အလုပ်ခန့်ထားပြီး လုပ်ဖော်ကိုင်ဖက်ရာပေါင်းများစွာနှင့် အလုပ်လုပ်ကာ သန်းနှင့်ချီသော ရုရှားဖောက်သည်များကို နေ့စဉ် ဆောင်ရွက်ပေးခဲ့ကြောင်း ကုမ္ပဏီ၏အမှုဆောင်အရာရှိချုပ် ခရစ်ကမ့်ဇင်ဇကီ ကပြောကြားခဲ့သည်။

ရင်းနှီးမြုပ်နှံသူများ၊ စီးပွားရေးလုပ်ငန်းရှင်များသည် ရုရှားနိုင်ငံမှ ထွက်ခွာရန် အရှိန်မြှင့်လုပ်ဆောင်နေကြပြီး McDonald’s ၏ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ အခြားကုမ္ပဏီများထက် နောက်ကျနေခြင်းကြောင့် ဝေဖန်ခံနေရသည်။

McDonald’s က ယူကရိန်းနိုင်ငံရှိဝန်ထမ်းများ နည်းတူ ရုရှားနိုင်ငံရှိ ဝန်ထမ်းများကိုလည်း လစာများ ဆက်လက်ပံပိုးပေးသွားမည်ဟု ပြောကြားခဲ့သည်။

Source – NTY

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။