Trending Now

PDF အဖွဲ့ဝင်များက မင်းကင်းမြို့နယ်၊ ကံကျေးရွာအတွင်းသို့ လက်နက်များဖြင့်ပစ်ခတ် အရပ်သား ၄ ဦးသေဆုံး

Spread the love

PDF အဖွဲ့ဝင်များက မင်းကင်းမြို့နယ်၊ ကံကျေးရွာအတွင်းသို့ လက်နက်များဖြင့်ပစ်ခတ် အရပ်သား ၄ ဦးသေဆုံး

EPN
စစ်ကိုင်း၊ ဖေဖော်ဝါရီ-၇ (၂၀၂၄)

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ကံကျေးရွာအတွင်းသို့ PDF အဖွဲ့ဝင်များမှ ယမန်နေ့ (ဖေဖော် ဝါရီ ၇ ရက်)၊ နံနက်ပိုင်းက လက်နက်ကြီး၊ သေနတ်များဖြင့်လာရောက်ပစ်ခတ်ခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။

ယမန်နေ့ နံနက် ၆ နာရီခန့်က PDF အဖွဲ့ဝင်များသည် ကံကျေးရွာ၏ အနောက်ဘက် မီတာ ၄၀၀ ခန့် အကွာမှနေ၍ ကျေးရွာအတွင်းသို့ ၄၀ မမ ဗုံးပစ်လောင်ချာများ၊ သေနတ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား အမျိုးသား (၄)ဦးမှာ ဗုံးစထိမှန် ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ပြီး၊ PDF အဖွဲ့ဝင်များသည် ကျေးရွာအနောက်ဘက်ခြမ်းသို့ ဝင်ရောက်ကာ နေအိမ်များအား မီးရှို့ဖျက်ဆီးသွားခဲ့သဖြင့် နေအိမ် (၃၅)လုံးခန့် မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဥ်အတွက် လုံခြုံရေးအဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။