Trending Now

ကျောင်းသားလူငယ်များအတွက် နွေရာသီ ရက်တိုသင်တန်း၊ အားကစားနည်း (၁၈)မျိုးကို အာကစားနှင့်ကာယပညာဦးစီဌာနမှ ကြီးမှှုး၍ အခမဲ့ သင်ကြား ပေးသွားမည်

Spread the love

ကျောင်းသားလူငယ်များအတွက် နွေရာသီ ရက်တိုသင်တန်း၊ အားကစားနည်း (၁၈)မျိုးကို အာကစားနှင့်ကာယပညာဦးစီဌာနမှ ကြီးမှှုး၍ အခမဲ့ သင်ကြား ပေးသွားမည်

EPN
မြစ်ကြီးနား ၊ မတ်လ ၃၀

ကချင်ပြည်နယ် အာကစားနှင့်ကာယပညာဦးစီဌာနမှ ကြီးမှှုးကာ ကျောင်းသားသူငယ်များအတွက် နွေရာသီ အားလက်ရပ်များကို အကျိုးရှိရှိအသုံးချနိုင်စေရန်အတွက် နွေရာသီ ရက်တို သင်တန်း အားကစားနည်း (၁၈)မျိုး သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။

ကျောင်းသားလူငယ်များအတွက် ရည်ရွယ်ကာ နွေရာသီအားလပ်ရက်များတွင် မိမိဝါသနာပါရာ အားကစားနည်းများကစားနိုင်စေရန်နှင့် လူငယ်မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွန်းလာနိုင်စေရန်အတွက် ယခုလို ရက်တို သင်တန်းများ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ကချင်ပြည်နယ် အားကစားနှင့် ကာယ ပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

” နွေရာသီမအားလပ်ရက်မှာ ကျောင်းတွေပိတ်ထားတော့ ကလေးငယ်တွေ မှုးယစ်ဆေးဝါးဘက်တွေ၊ တစ်ခြားပြင်ပဘက်တွေမှာ စိတ်မပာသွားဖို့၊ သူတို့ကြိုက်နှစ်သက်တဲ့ သင်တန်းလေတွေကို အခြေခံကျကျ တက်ရောက်နိုင်ပြီး ဒီကနေ အားကစားသမားကောင်းလေးတွေဖြစ်လာနိုင်ဖို့အတွက် ရည်ရွယ်တယ်၊ သင်တန်းက တစ်လ ကြာမယ်၊ အားကစားနည်း (၁၈)နည်း ပါဝင်သွားမှာဖြစ်တယ်၊ ” ဟု ၎င်းကပြောသည်။

အဆိုပါသင်တန်းများတွင် ဘောလုံး၊Fitness Dance၊ ပြေးခုန်ပစ်၊ ဘော်လီဘော၊ ကရာတေးဒို၊ပိုက်ကျော်ခြင်း၊ ကာယဗလ/အလေးမ၊ စားပွဲတင် တင်းနစ်၊ မြန်မာ့ရိုးရာခြင်း၊ လက်ဝှေ့၊ရိုးရာလက်ဝှေ့၊ ကြက်တောင်၊ဂျူဒို၊ မြန်မာ့သိုင်း၊ တိုက်ကွမ်ဒို၊ဝူရှူး၊ရေကူးနှင့် ဖူဆယ် အားကစားနည်းများ ပါဝင်မှာဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ အားကစာနည်းသင်တန်းများ ဖွင့်လှစ်ပေးသည့်အတွက် ကလေးငယ်များအတွက် အခွင့်အရေးကောင်းများရရှိလာပြီး နွေရာသီအားလပ်ရက်များကို အကျိုးရှိစွာ အသုံးပြုလာနိုင်မှာဖြစ်ကြောင်း မြို့သစ်ကြီးရပ်ကွက်နေ ကျောင်းသားမိဘတစ်ဦးက ဆိုသည်။

” အရင်က ရောဂါတွေကြောင့် ကျောင်တွေပိတ်ပြီး ကလေးငယ်တွေက အိမ်မှာပဲ ဂိမ်းဆော့တာတွေနဲ့အချိန်ကုန်ခဲ့တယ်၊အခု နွေရာသီ ကျောင်းပိတ်ကာလမှာတော့ အဲ့လိုမဟုတ်တော့ဘဲ သူတို့အတွက် အားကစားသင်တန်းလေးတွေရှိလာတော့ သူတို့အတွက် အားကစားဘက်မှာတွေစိတ်ပါဝင်စားလာမယ် ၊ နွေရာသီအားလပ်ရက်ကိုအကျိုးရှိရှိအသုံးချနိုင်တယ်၊ ” ဟု ၎င်းကပြောသည်။

အဆိုပါအားကစား သင်တန်းများကို ဧပြီလ (၁)ရက်နေ့မှ (၃၁)ရက်နေ့အထိ တစ်လ ကြားသင်ကြားပို့ချ သွားမည်ဖြစ်ပြီး သက်ဆိုင်ရာ အားကစားနည်းများအလိုက် သတ်မှတ်နေရာများတွင် အခမဲ့သင်ကြားသွားမှာဖြစ်ကြောင်း သိရသည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။